The story of the guardian: ကိုယ်​​စောင့်​နတ်​ပုံပြင်

932 37 12
                                    

အပိုင်း ၁

၁၉၉၇ ..သြဂုတ်​လ ၅ရက်
ဟဲနန်​ပြည်​နယ်

"ဂျိန်း.!!!..."
"​ဝေါ...!!."
"ရွှီ. . . . . . ."

သြဂုတ်​လသည်​တရုတ်​ပြည်​တွင်​ ​အပူချိန်လွန်ကဲသည့် နွေရာသီပင်​ဖြစ်​​လင့်ကစား ရုတ်တရက်ဘယ်ဆီဘယ်ဝယ် မှလိပ်တက်လာမှန်းမသိသော မိုးတိမ်တောင်မဲမဲများက ဟဲနန်ပြည်နယ်၏ ကောင်းကင်ယံကိုလွှမ်း၍အမှောင်ဖုံးလိုက်သည် ။
အချိန်အခါမဟုတ်ရွာသောမိုးမှာ လေပြင်းအတူ မိုးကြိုးလျှပ်စီးများပါထစ်ချုန်းတိုက်ခတ်လျက်ရှိသည်။ တရွှီရွှီမြည်သောအသံနှင့် အားကောင်းလှသောလေတိုက်နှုန်းကြောင့် သစ်ပင်ကြီးငယ်တို့မှာ ဘယ်မှညာသို့ ခမ်ကြမ်းကြမ်း ယိမ်းယိုင်လှုပ်ယိမ်းနေရရှာသည်။
မိုးလေထဲတွင် သစ်ရွက်ကြွေများက အစုလိုက် လွင့်မျောလျက် . . .
တစ်ပြက်ပြက်လက် နေသည့် လျှပ်စီးများက ပတ်ဝန်းကျင်တစ်ခွင်အား မှောင်လိုက် လင်းလိုက်နှင့်လိုသလိုခြယ်လှယ်နေသည် ..
.....................

" အား . . .. အမေ.!!"
"ဗိုက်နာလိုက်တာ အမေ့ !!"
"မိန်ချင်းရေ. . . .အား "
"ကျွတ်ကျွတ် "
သခင်မဝမ်၏နာနာကျင်ကျင်ညည်းသံက မိုးသံများကြား
တိမ်နစ်ကွယ်ပျောက်သွားသည်

" သခင်မကြီး. . .မိန်ချင်းရှိတယ်လေ အားတင်းထားပါဦး ဆေးရုံရောက်တော့မယ်နော် ခဏလေးပဲ ခဏလေးပဲ အားတင်းထားနော်"
စိုးရိမ်ပူပန်မှုတို့နှင့်ပြည့်နှက်နေသော မိန်ချင်းမှာ မိမိရင်ခွင်ထဲတွင်မီထားသော ဝမ်သခင်မ၏ လက်ကိုဆုပ်ကိုင်ကာ တတ်နိုင်သလောက် ချွေးသိပ်အားပေးစကားဆိုရှာသည်
တစ်ကိုယ်လုံး ရေလောင်းထားသကဲသို့ရွဲနစ်နေသောချွေးများကြားထဲ သခင်မဝမ်သည် သတိရချက်မရတစ်ချက်

"ဦးလေး ထိုက်ကျင့် နည်းနည်းမြန်မြန်မောင်းလို့မရဘူးလား? သခင်မကြီး .သတိလစ်ချင်နေပြီ. . ဆေးရုံ အချိန်မီရောက်မှဖြစ်မယ် "

" ဟုတ်ပါပြီအားချင်ရယ် ငါလည်းတတ်နိုင်သလောက်အမြန်ဆုံးမောင်းနေ. . . ."

"ဦးလေး . . . .ရှေ့မှာ !!!"

"ဝုန်း. . . ."

"ကျွီ . . . . . . . . ."

The Story Of The Guardian: ကိုယ်​​စောင့်​နတ်​ပုံပြင်​Where stories live. Discover now