"အာ...ဟုတ်ကဲ့"

"အကိုလေး ဘာစားချင်လဲ ဒီနေ့အတွက်ဘာပြင်ဆင်ပေးရမလဲ"

"ဒိတိုင်းအဆင်ပြေတာလုပ်ပေးလိုက်ပါ ကျွန်တော်အစားမရွေးပါဘူး"

"ကောင်းပါပြီ"

"ဒါနဲ့ဦး‌လေး"

"ဟုတ်ကဲ့"

"Yiboကဘယ်အချိန်ပြန်လာမှာလဲ"

"ညငါးနာရီလောက်ပါ"

ငါးနာရီ အခုက8နာရီခွဲ အချိန်အလုံအလောက်ရှိတယ်

"ကျေးဇူးပဲ...အား!"

"အကိုလေး ဘာဖြစ်လို့လဲ "

"ရုတ်တရက်ကြီးခေါင်းကိုက်လာလို့"

"ဒါဆိုကျွန်တော်ဆရာဝန်ခေါ်ပေး..."

ဆရာဝန်လို့အသံကြားတာနဲ့အလျင်အမြန်ပဲတားလိုက်ရသည်

"မလိုဘူး... ဟို ခဏလောက်အိပ်ရင်ရပြီမို့ ဆရာဝန်ခေါ်ဖို့မလိုဘူး ဒီတိုင်းအိပ်ဆေးတစ်လုံးလောက်ပေးပါအစားစာပြီးတာနဲ့အိပ်ဆေးပြီးအိပ်လိုက်မယ်"

"ဟုတ်ကဲ့ပါ"

ဟူး တော်ပါသေးတယ် ပြဿနာတက်တော့မလို့ ဒါကိုသူတို့တွေစားမယ့်ဟင်းအိုးထဲထည့်လိုက်မယ် ဦးလေးကဘယ်ဆိုးလို့လဲငါ့ကိုအိပ်ဆေးတစ်ကဒ်လုံးယုံယုံကြည်ကြည်နဲ့ပေးလိုက်တယ်ဟဲဟဲ

ထို့နောက်သူတို့ပြင်လာပေးတဲ့အစားအစာကိုစားပြီးတာနဲ့ဆေးကဒ်ထဲကဆေးဆယ်လုံးလုံးကိုဖောက်ပြီးမီးဖို‌ချောင်ထဲဝင်သွားလိုက်သည် မီးဖိုပေါ်မှာတည်ထားတဲ့ဟင်းအိုးကိုတွေ့တော့

"ဒါကဘာလဲ"

သူမေးတော့စားဖိုမူးအန်တီကြီးကပြာပြာသလဲဖြင့်ဒူးထောက်ထိုင်ချကာသူ့ကိုခွင့်လွတ်ပေးဖို့တောင်းဆိုလာသည်

"တောင်းပန်ပါတယ်အကိုလေး ဒါကအိမ်ကအလုပ်သမားတွေစားဖို့အတွက်ချက်ထားတာပါ ပုံမှန်ဆိုနောက်ဖေးမှာမီးမွေးပြီးချက်ရပေမယ့် ဒီနေ့ကကျွန်မလည်းနေသိပ်မကောင်းချင်တာနဲ့ဒီမှာပဲပြီးစလွယ်ချက်မိပါတယ် တောင်းပန်ပါတယ်"

"ရပါတယ် အထွေအထူးမဟုတ်ပါဘူး မင်းနေမကောင်းဖြစ်တနတယ်ဆိုနားလိုက်လေငါဆက်ချက်ပေးမယ်"

psycho boy(YiZhan)Where stories live. Discover now