"မင်းဘာပြောလိုက်တာ!"
"ကျွန်တော်တို့ဘုန်းကြီးကျောင်းသွားလည်ခဲ့တာကိုပြောတာမလား အဲ့တာလွန်ခဲ့တဲ့သုံးလကတည်းကသွားခဲ့တာလို့"
ကျွန်တော့်နားကိုတောင်ကျွန်တော်မယုံနိုင်ခဲ့ ဘာတဲ့ လွန်ခဲ့တဲ့သုံးလကတည်းက ဟား
"မင်းငါ့ကိုလာနောက်နေတာလားyibo"
ကျွန်တော်မေးတော့yiboကကုတင်ဘေးကစားပွဲပေါ်မှာရှိနေတဲ့ဖုန်းကိုဖွင့်ပြသည် ဖုန်းစခရင်မှာပေါ်နေတဲ့ရက်စွဲက၉လပိုင်း၂၁ရက်နေ့
"တကယ်ပဲဘာတွေဖြစ်သွားခဲ့တာလဲ"
"ဘာမှထွေထွေထူးထူးစဉ်းစားမနေပါနဲ့တော့ကိုကိုရယ် ပြီးခဲ့တာတွေကပြီးသွားပြီပဲလေ"
"ပြီးခဲ့တာတွေကပြီးသွားပြီဆိုပေမယ့်ငါ့အတွက်ကအချိန်တွေအလဟသကုန်သွားသလိုခံစားရတယ် ငါ့အချိန်ကိုတခြားလူတစ်ယောက်ကိုပေးလိုက်ရသလိုပဲ"
"အဲဒီတော့ကိုကိုကဘယ်လိုပြန်လုပ်ချင်တာလဲ"
အေလေ သူလည်းဘာလုပ်ပေးနိုင်မဒါပေမယ့်မနေ့ကဖြစ်ခဲ့တာတွေကိုတော့အရမ်းစိတ်တိုမိတယ် ငါတောင်းဆိုတိုင်းသူကလုပ်စရာလား ဟမ် လုပ်စရာလား
"တစ်ခုပဲ နောနောက်တစ်ခါငါဘယ်လောက်ပဲတောင်းဆိုနေပါစေငါ့အသားကိုလုံးဝလုံးဝမထိပါနဲ့"
သူ့စကားကိုကြားတော့yiboကပြုံးသည်
"အဲ့တာတော့လွယ်မယ်မထင်ဘူးကိုကိုbabyလေးရဲ့"
"မင်းငါ့ကိုအလေးမထားတာလားyibo"
"မဟုတ်ရပါဘူးကိုကိုရယ် လွယ်မယ်မထင်ဘူးလို့ပဲပြောတာပါ လုပ်မယ်လို့မပြောပါဘူး"
"အိုခေအိုခေမထိနိုင်အောင်ကြိုးစားပါ့မယ်မျက်နှာကြီးကိုစူပုတ်မထားပါနဲ့တော့"
"ကောင်းပြီလေအခုငါရေချိုးချင်တယ်အပြင်ထွက်ပေး"
အင်....ကိုယ်အောက်ထပ်မှာစောင့်နေမယ်
ရေချိုးပြီးလို့အောက်ဆင်းလာတော့ဘေးဘီကိုဝေ့ကြည့်လိုက်တော့သူမရှိနေ
"အကိုလေး သခင်လေးကအရေးကြီးအစည်းအဝေးပွဲရှိလို့သွားလိုက်ပြီလို့ပြောခိုင်းလိုက်ပါတယ်"
YOU ARE READING
psycho boy(YiZhan)
Fanfiction#wangxiao #wangyibo #xiaozhan Start-5.11.2019 End-15.12.2019
part 9
Start from the beginning