"တကယ်ပြောတာ "
"ဦးဇော် ဆေးသေတ္တာ ယူခဲ့ "
အရက်ပြန်တွေထပ်စွတ်မှာတော့ မဟုတ်ပါဘူးနော်
သေရချည်ရဲ့"လာ ငယ် ဒီပေါ်ထိုင်
ကိုကြီးဆေးထည့်ပေးမယ် ""ကိုကြီး ဆေးကထည့်ပြီးပြီ
အရက်ပြန် သေချာသုတ်ပြီးမှ ထည့်ထားတာ ""ဘယ်သူလုပ်ပေးတာလဲ "
"ဟို ဟို ဆိုင်ကယ်လဲတုန်းက ဘေးနားက
ဝိုင်းကူပေးတဲ့ အဘ ထည့်ပေးတာ ""မယုံဘူး ငယ် အရက်ပြန်ကြောက်လို့မလား "
"မဟုတ်ဘူး တကယ်
ကျွန်တော် ကိုကြီးကို မညာပါဘူး
အဲ အဘ သေချာလုပ်ပေးလိုက်တာ ""ပြစမ်း ကိုကြီး ကြည့်ကြည့်မယ် "
ကျွန်တော့်လက်ကို ယူကာ ကိုကြီးနမ်းကြည့်သည်
အရက်ပြန် အနံ့ရမှသာ"တွေ့လား အရက်ပြန် အနံ့ကျန်သေးတယ်မလား"
"အင်း "
"ကျွန်တော် ကိုကြီးကို မလိမ်ပါဘူးဆို "
"ဟုတ်ပါပြီ ဒါပေမယ့် ငယ်နောက်နေ့ အဲဆိုင်ကယ်
မစီးရဘူး ၊ အစကတည်း အဲဆိုင်ကယ်ကြီးနဲ့
စိတ်မချတာ ခုတော့ ဖြစ်ပြီ ၊ အများကြီး မထိခိုက်တာ တော်သေးတယ် ငယ် ""...."
"အသွားလည်း ကိုကြီးလိုက်ပို့မယ်
အပြန်လည်း ကိုကြီး ဝင်ခေါ်မယ် ""ဟုတ် "
"သင်တန်းကိုရော ဘယ်လိုသွားရမှာလဲ ကိုကြီး"
"မင်းမင်းကို အကြိုအပို့လုပ်ခိုင်းမယ် "
"ရပါတယ် ကိုကြီးရဲ့
ဆိုင်က မမကိုလိုက်ပို့ ခိုင်းလိုက်မယ်
ကိုမင်း လာဖို့က ဝေးလည်းဝေးတယ်
ပြီးတော့ ကိုမင်းက အလုပ်နဲ့ ""အင်း ကိုကြီး စဉ်းစားကြည့်ဦးမယ် "
"ဟုတ်"
"ဟုတ်ပြီ ခုတော့ငယ်နားတော့
စားဖို့ကို လာပို့်ခို်င်းပေးမယ်
လာ ကိုကြီးကို တွဲ ""ဟုတ် "
"လျှောက်နိုင်လား ငယ်
ကိုကြီး ပွေ့ပေးရမလား "
![](https://img.wattpad.com/cover/203867061-288-k65094.jpg)
BẠN ĐANG ĐỌC
ကိုယ့်ရဲ့ ကြွေရုပ်
Lãng mạnငယ်ကတည်းက လိုချင်တာမရရအောင် ယူတတ်သူ မင်းဓန မိဘတွေဆုံးပြီးတဲ့နောက် သနားစရာ သျှင်မင်းဆက်ကို မွေးစားလိုက်တယ် မင်းဓနကို ကျေးဇူးပြန်ဆပ်ချင်လို့ ရည်ရွယ်ချက်ရှိရှိ အဓိပတိဘွားကို ချည်းကပ်ရင်း တကယ်ချစ်မိသွားသူ သျှင်မင်း နှစ်တွေကြာလာတာနဲ့အမျှ သျှင်မင်းဆက်ကိ...
💗 14 💗
Bắt đầu từ đầu