ခဏအကြာမှ ကိုကြီးပြန်ထွက်လာပါသည်

"ကိုကြီး ကိုကြီး ကျွန်တော် ဒီမှာ "

ကျွန်တော် ခေါ်တာမြင်တော့ ကိုကြီး ကျွန်တော့်နားလာကာ

"ငယ် ဘယ်တွေသွားနေတာလည်း
ကိုကြီး ရှာနေတာ ကြာလှပြီ "

"ကိုကြီး မဆူနဲ့နော်
ကျွန်တော် အစပ်တွေများသွားလို့ အိမ်သာသွားနေတာ "

"ငယ်က ကိုကြီးစကားမှ နားမထောင်တာ
ခုရော သက်သာပြီလား "

"ဟုတ် သက်သာသွားပြီ "

"ဟုတ်ပြီ ဒါဆို ပြန်ရအောင် ငယ် "

"ဟုတ် "

On car,

"ငယ် "

"ဟုတ် ကိုကြီး "

"ကိုကြီး တောင်းပန်ပါတယ်
ငယ့်ကို ခေါ်ခဲ့ပြီး တစ်ယောက်တည်းထားမိတယ် "

"မဟုတ်ပါဘူး ကိုကြီးရဲ့
ကျွန်တော် ပျော်နေတာ
ကျွန်တော်ကြိုက်တာတွေပဲ စားနေရလို့
ဟဲဟဲ "

"ဟုတ်ပါပြီ ဒါနဲ့ သက်သာတာ သေချာရဲ့လား ငယ် ဆေးပါတယ် သောက်လိုက်ပါလား "

"တကယ် သက်သာသွားပြီ ကိုကြီးရဲ့ ၊ ဒါနဲ့
ကျွန်တော် သောက်တဲ့ဆေးပါတယ်ပေါ့ ကိုကြီး "

"ပါတာပေါ့ ငယ်နဲ့သွားရင် အမြဲတမ်းဆောင်ထားတာ "

"ဟဲဟဲ ကျေးဇူး ကိုကြီး "

တော်သေးသည် ၊ ကိုကြီးလည်း မရိပ်မိဘူး
ဘွားလည်း မရိပ်မိဘူး ၊ ငါလေးက ဘယ်လိုတောင်
ကံကောင်းနေပါလိမ့်

💕

မလိုက်ခဲ့နဲ့ ဆိုတဲ့ အမိန့်လေးကြောင့်သာ
ဘာမှမလုပ်ပေမဲ့ ခဏအကြာတော့
သွားရှာမိသည် ၊ အစအနကို မတွေ့တော့ဘူး
ခဏလေးတွေ့လိုက်ရတာ ကိုယ့်အတွက် မလုံလောက်ပါလား ၊ ဘာမှလုပ်ချင်စိတ် ပြောချင်စိတ် မရှိတော့တာကြောင့် ဦးလေးကို နှုတ်ဆက်ကာ ပြန်လာလိုက်တော့သည် ၊ အတွေးထဲ မင်းတစ်ယောက်သာ စိုးမိုးနေလို့
သျှင်မင်း ကိုယ်မင်းကြောင့် ရူးနေပြီထင်တယ်

💕💕💕💕💕

Next morning

ဒီနေ့မနက် အလုပ်ကိစ္စနဲ့ အရေးကြီးတာကြောင့်
အစောကြီးအိမ်ကထွက်လာလိုက်သည်

ကိုယ့်ရဲ့ ကြွေရုပ်حيث تعيش القصص. اكتشف الآن