“ဟန်...ထမင်းစားတော့မလား…”
ဟန် ပြန်ရောက်ပြီး အိမ်ရှေ့မှာ ထိုင်နေတာ ၁၁နာရီခွဲကတည်းက ဘာဖြစ်လို့ပါလိမ့် တွေးရင်း..အိမ်ရှေ့ခန်းထွက်လာလိုက်သည်..။
“ဟန်..ဘာဖြစ်လို့လည်း..”ဟန်က နူး ကို ကြည့်ရင်း..ပြုံးနေသည်…ဘာဖြစ်ပြန်ပြီလည်း..သူ့ အပြုံးတွေကို နူး ကြောက်နေရပြီလေ..။
“ဒီမှာ ကြည့်စမ်း..” ခုံဘေးမှာ ချထားတဲ့ ခြင်းလေးကို ကောက်ပြီး မြှောက်ပြသည်..။
“ဘာတွေလည်း..ဟင်..”
“လာကြည့်လေ..”နူး သူနဲ့ ခပ်လှမ်းလှမ်းေ၇ာက်နေလို့ အနားကို တိုးသွားလိုက်တော့..ဟန်က လက်ကို ဆွဲချပြီး သူ့ဘေးမှာ ထိုင်ခိုင်းသည်..။
ပြီးတော့ သူပေါင်ပေါ်ခြင်းလေးကို တင်လိုက်ပြီး အဖုံးဖွင့်ပြတာ..
“ဟယ်..ယုန်လေး…ဟိ..ပိစိလေးတွေ..ချစ်စ၇ာလေး..ဟန်ရယ်..”
“ကို့ မိန်းမ အတွက် လက်ဆောင်လေ..”
“ဟင်..နူး..အတွက်..”နူး..ကိုယ့်နား ကို မယုံလို့ ထပ်မေးမိသည်..။
“ဒါပေါ့ ကို့ မှာ မိန်းမ တစ်ယောက်တည်းရှိတာလေ..ဘယ်နှယောက်ရှိရမှာလည်း..”
“နူး..အတွက်..ပျော်လိုက်တာ…ချစ်စရာလေးတွေ..”နူး သူဆီက ခြင်းကိုဆွဲယူပြီး ငုံကြည့်နေတော့ ဟန်က နူး ပခုံးကို ဖက်ထားသည်..။
“ကျေးဇူးပဲ..”နူးပြောရင်း သူ့ပါးကို နမ်းလိုက်တော့ ဟန်က ပြုံးရင်း မတ်တက်ထလိုက်သည်..။
“ကို က နူးကို ရွံတာပါဆို..ဘာလို့ အခုလို လုပ်တာလည်း..ထမင်းစားချင်စိတ်ပျောက်သွားပြီကွာ..”အော်ဟစ်မာန်မဲတာမျိုး မဟုတ်ပါပဲ အေးအေးဆေးဆေး တစ်လုံးချင်းကို ပြုံးရင်းပြောသွားတာ..။
“ဟင်..”
“နောက် အဲလို မလုပ်နဲ့နော်..ကြားလား..” နူး.ပါးနားလေးကို ကပ်ပြောလိုက်လို့ လေနွေးငွေ့ငွေ့လေးက ပါးကို ကျီဆယ်သွားသည်..။
“ရွံတယ်ဆို ဘာလို့ နမ်းလည်း..ဘာလို့ တူတူအိပ်လည်း..ဘာလို့ ကို လို့ ပြောလည်း…”နူး စိတ်ထဲ ကိန်းအောင်းနေတာတွေ မစီစဉ်ရပါပဲ အလိုလို ထွက်သွားသည်.။
“အိပ်ဖို့ နမ်းဖို့ မိန်းမလိုတယ်လေ ဟားဟား..ကို ဆိုတာက နင်ငါမင်း ပြောရင် နမ်းချင်တယ် ထင်မှာစိုးလို့..”
“ဘာ….”
“ဟား..ဟား…”ရယ်ပြီး..ရေချိုးခန်းထဲ ၀င်သွားပြီး..မျက်နှာသစ်ပြန်ပြီ..။
နူး..စိတ်မကောင်းဖြစ်ပေမဲ့ ငုံကြည့်လိုက်တော့ မော့ ကြည့်နေတဲ့ယုန်လေးတွေ…
သူတို့ရှိနေရင် စိတ်ညစ်စရာ မလိုတော့ဘူးလေ..။
“လူစီ နဲ့ ပူစီ လို့ ခေါ်မယ်နော်.. ကြားလား..”
ဟန် အနောက်ကကြည့်ပြီး ပြုံးမိသည်..။
သူ့လိုမိန်မကြမ်းက အခုလို တီတီတာတာ ပြောနေတော့ ကြားရတာ ရယ်စ၇ာလို ဖြစ်နေသည်..။
ဘာပဲ ဖြစ်ဖြစ် ဒီယုန်တွေနဲ့ သံယောဇဉ် ဖြစ်သွားဖို့ သာ အဓိက မလား..။
ယုန်တစ်ကောင်ကို ထုတ်ပြီး..နားရွက်မှာ ဖဲပြားလေး ကပ်ပေး.ပြီးတော့
“နင်က လူစီ…ကြားလား..”
“တော်လောက်ပြီ…ထမင်းစားမယ်..”
“စောစောက ရွံလို့ မစားချင်ဘူးပြောတာဘယ်သူလည်း..”
“ဗိုက်ဆာလို့ မျက်လုံးမှိတ်မြိုချရတော့မယ်..လာမြန်မြန်..ကို အလုပ်နောက်ကျလို့ မရဘူး..နေ့လည် အစည်းအဝေးရှိသေးတယ်..”
နူး ပြောမနေတော့ပဲ ယုန်လေးတွေကို ပြန်ထည့်ပြီး ထလာခဲ့သည်..။
“ထည့်ပြီးသား…ဖွင့်စားရုံပဲ..”နူးကပြောရင်းလက်ဆေးနေချိန် သူက ထိုင်ပြီး ပန်းကန်ထဲ ထမင်းထည့်နေပြီ..တကယ်များဗိုက်ဆာနေတာလား..အေးလေ..မနက်ကလည်း  ဘာမှ မစားသွားရဘူး..။
ဟန် ထမင်းပန်းကန်ထဲ ဟင်းထည့်ပြီးချိန်ထိ စားချင်စိတ်မဖြစ်သေး..
ပါးစပ်ထဲ ထမင်းလုပ် ရောက်သွားချိန်မှာတော့..
“ဟင်…နူး..မာတို့ဆီသွားသေးလား..”
“အင်း..”
သိပါပြီ..ဒါကြောင့် မာမီ လက်ရာဖြစ်နေတာကိုး…ဟန် ဘာမှ ထပ်မပြောတော့ပဲ ထမင်းမြန်မြန်စားလိုက်သည်..။
“သွားတော့မယ်…” ဟန် အမြန်ထွက်ခဲ့တာ လှေကားနားရောက်မှ တစ်ခု သတိရတော့ မီးဖိုခန်းပြန်ပြေးရသည်..။
ရေခဲသေတ္တာမှာ ဘာတွေ လုပ်နေမှန်းမသိတဲ့ နူး..
“နူး…”
“ဟမ်..”
ကျောခိုင်း  ထွက်သွားတဲ့ ဟန် နောက်ကျော ကိုကြည့်ရင်း…
နူး..သတိပေးနေရဲ့နဲ့ နှလုံးက တုန်ခါနေတာ မရပ်နိုင်သေး…
အဲဒါ တကယ့် အနမ်းမဟုတ်ဘူး..နင်ကို သူ ဘယ်လို သဘောထားတယ်ဆိုတာ ကြေငြာ ပြီးသား..
နင်ဘာတွေရင်ခုန်နေတာလည်း..နူး…
အခုရပ်စမ်း…။
အမိန့်ပေးလည်းမရ..ချောက်လည်း မရ..
ရင်ခုန်နှုန်းတို့က မြန်နေဆဲ..။

...
ကျေးဇူးအထူးတင်ပါတယ်💪❤💪
ဟီး နည်းနည်းနောက်ကျသွားတယ့်🙈😅
မရေးတက်ရေးတက်မို့ ခွင့်လွှတ် သည်းခံ ပေးကြပါနော် ❤😍😙

စည်းဆူး Where stories live. Discover now