“ဘာလည်း..လူကြီး..တွေနဲ့ မို့ ညောင်းနေတာ .ကြာပြီ..”
“မင်း အိမ်ရောက်မှ ခြေဆင်းထိုင် မိုးပေါ်ထောင်ပြီး ထိုင်ထိုင်. ခု အောက်ချ.”
“အိုကေ…”ရှေ့ မှန် ခုံမှာ တင် ထားတဲ့ ခြေထောက်ကိုပြန်ချရင်း..
“ကဲ ဆိုပါအုံး..ပြောချင်တဲ့ စကားများ ရှိနေတယ်ဆို..နားထောင်ပေးမယ်..”
“မင်း ကို ရိုက်တာ ကလဲ့စားချေ ချင်လို့ အခုလို လုပ်နေတာလား..”
“ဘာကို..အခုလို လည်း..ရှင်းရှင်းပြော..”
“အခု လို လက်ထပ်ဖို့..”
“ရိုက်တာ..အဲဒါ စိတ်မ၀င်စားဘူး..အခုက ဒီဒီ တောင်းဆိုလို့..”ဟန် မယုံနိုင် သူ လိမ်နေတာလား..ဘယ်လို  မိန်းကလေးက ပါးရိုက်ခံရတာကို လွယ်လွယ်တွေးမှာလည်း..။
“ပြောစရာကုန်.ရင်ပြန်တော့မယ်..”
“နေအုံး…တကယ် အနူးအညွန့်တောင်းပန်တာပါ..မကျေနပ်ရင် ပြန်ရိုက်လို့ရတယ်နော်..”
“အဟက်…ပြန်ရိုက်ရင်တောင်..သက်ရောက်မှုအားတူမှာ မဟုတ်ဘူး..ငါ တကယ် စိတ်မ၀င်စားဘူး.ငါ စိတ်၀င်စားတာ အတာ...”
“ဟင်..” ‘ဒီမိန်းမ ယောင်္ကျားစိတ်များ ပေါက်နေတာလား..။
“တာ နဲ့ မင်းက ..”
“နင် သိစရာ မလိုတဲ့ ငါ့ ကိစ္စ..”နင်တွေ ငါတွေ အထပ်ထပ်သုံးပြီး ရိုင်းတာလား ပွင့်လင်းတာလား..။
“သွားမယ်…မာရီ…” ဧည့်ခန်းကနေ အသံနဲ့ လှမ်းအော်လိုက်တာ ကားက စက်နိုးထားပြီ..။
.
တာ တစ်ညလုံးအိပ်မရ…ငိုရလွန်းလို့ မျက်လုံးလည်းဖောင်းမို့နေပြီ..
ရင်ဘတ်လည်း အောင့်နေပေမဲ့ ငိုချင်နေတုန်း အခုလည်း..အလုပ်သွားဖို့ ခြင်း ဆွဲပြီး ထွက်လာတာ ဟန်ရဲ့ ကားကိုမြင်တော့ မျက်ရည်တွေစီးကျလာပြန်ပြီ..။
“တာ…ဘာလို့ ငိုနေတာလည်…ဘာလို့လည်း..ဟင်..”
“ဟန်..လက်ထပ်တော့မယ်ဆိုတာ ..တာ ကို ပြောသင့်တယ်လေ..”
“လက်ထပ်မယ်…ဟာ..တာ ဘယ်လိုသိ”
“သတိုးသမီး ကိုယ်တိုင် လာပြောသွားတာ..”
“ကို..မသေချာသေးလို့ ပြီးတော့..ကို… ကို …တာ ကို လက်မလွှတ်နိုင်ဘူး..ကို အားလုံးကို စွန့်လွှတ်နိုင်ပါတယ်..တာ နဲ့ ကို အဝေးဆုံးကို ထွက်သွားကြမယ်လေ..”
“ကို ပြောတာလွယ်လိုက်တာ..တာ က ယောင်္ကျားလေး မိဘ သဘောမတူလို့ လိုက်ပြေးတာမျိုး လုပ်ရမယ်ပေါ့..ဘယ်တော့မှ မလုပ်နိုင်ဘူး..ကို..တာ ကို တန်ဖိုးထားပြီး နှစ်ဖက်မိဘနဲ့ လက်ထပ်ပွဲ ကျင်းပ လို့ ရနိုင်တဲ့ လူနဲ့ ပဲ လက်ထပ်ချင်တယ်..တာ နှလုံးသားတွေအခု ကွဲကြေရပေမဲ့..တချိန်ချိန် ပြန်ကောင်းသွားမှာပါ..သိက္ခာ ပျက်စီးသွားရင် ဘယ်တော့မှ ပြန်မကောင်းနိုင်တော့ဘူး..ကို ကို ချစ်ပေမဲ့ လမ်းခွဲမယ်..တာ ကို သွားခွင့်ပြုပါ…”
“တာ…ခဏ..”ဟန် ပြေးလိုက်တော့
“မလိုက်လာပါနဲ့ကို.. မိန်းကလေး သိက္ခာ ကို တန်ဖိုးထားတယ်ဆိုရင်ပေါ့..”
“တာရယ်….” တာရဲ့ မျက်ရည်တွေကို မုန်းတယ်..တာ ကို ငိုအောင်လုပ်တာ အခုတော့ ဟန် ကိုယ်တိုင်လား..မဟုတ်ဘူး…အဲဒါ ဟို စုန်းမ ကြောင့်..။
..
“စိုးမိုး..မင်းတို့ ဘယ်မှာလည်း..အေး..ငါလာခဲ့မယ်..”ဟန် ကားကို လမ်းချိုးကွေ့ပြီး စိုးမိုးတို့ ဆီ ဦးတည်လိ်ုက်သည်..တစ်ယောက်ယောက်ကို ရင်ဖွင့် လိုက်မှ နေသာသွားမှာ..။
“ဟေ့ကောင် ဖြည်းဖြည်း..ပေါ့ကွ..မင်းကလည်း..စိတ်ညစ်နေလိုက်တာ..လင်ယူရမဲ့ အပျိုစင် ကျနေတာပဲ..”
“ငါ တာ…ကို အရမ်းချစ်တာ..”
“ချစ်ရင် ခိုးပြေးပေါ့ကွာ..မချစ်ပဲ မယူနဲ့..တစ်နေ့ ဒုက္ခ ရောက်မှာ…”
“ငါ..အဲလို လုပ်တောင် တာ က လက်ခံမှာ မဟုတ်ဘူး.”
“အေး..…တာ က လည်း..သူ့ တန်ဖိုးနဲ့ သူ..နေတာကွ..”
“မင်း..အဖေ ကလည်းကွာ တစ်သက်လုံး..အလိုလိုက်လာပြီး ခုမှ..”
“မသိဘူးကွာ..အားလုံးကို မုန်းတယ်..”
“ဟာ..ဟေ့ကောင်…ကျွတ်…ထမ်းပြန်ရတော့မယ်..”
ဟန် တစ်ညလုံး အိပ်လို့ မရခဲ့ဘူး.… မနက်ဖြန် မဂ်လာဆောင်လို့ ပြောကြပေမဲ့ တာ ကြောင့် အိပ်လို့မရတာ…ဟန် ဆိုတာ လူယုတ်မာပဲ…တာ ရယ်..ကို ဘယ်လို လုပ်ရမလည်း…မိန်းကလေးတွေ တွဲခဲ့ပေမဲ့ တခါမှ စွဲစွဲ လမ်းလမ်း မဟုတ်..အခုတော့ ဟန် မျက်နှာ မှာ မျက်ရည်စီးကျလောက်အောင် ခံစားနေရတာ…ပါ ဘာဖြစ်လို့ ဒီလောက် နှိပ်စက်ချင်နေတာလည်း..ဟန် အတွက်ဆို အမြဲ အလိုလိုက်ခဲ့တာ အခုတော့ အသည်းတွေ ကွဲကြေလောက်အောင် ခံစားနေရတာကို..မသိချင်ယောင်ဆောင်ပြီး ဖ်ိတ်စာတောင် သွားထုတ်ခိုင်းသေးသည်..။
ဘာလို့ ဟန်ကိုမှ ရက်စက်ကြတာလည်း…ဘာလို့လည်း..အား….။
ဒေါ်မာစိုး သားအသံကြောင့် အခန်းထဲ ပြေး၀င်လာခဲ့တာ..ခလုပ်တိုက်မတက်..။
“သား…ဘာဖြစ်တာလည်း..ဟင်…”
“ဟယ်..ကိုယ်တွေပူနေတာပဲ….သားလေး….အောင်မိုးရေ..အောင်မိုး.. လာပါအုံး..”
“ဘာလို့လည်းမာ..ဘာဖြစ်တာလည်း..”
“သား..ကိုယ်တွေပူနေတာ ဆရာ၀န်ခေါ်ပါအုံး…ပါ ကို လည်းဖုန်းဆက်ခေါ်ပါ..”
“ဟုတ်ကဲ့…”အောင်မိုး လှေကားကနေ ပြေးဆင်းပြီး ဆရာ၀န် အရင်ဖုန်းဆက်လိုက်ပြီး .ရှိတယ်ဆိုမှ ကားနဲ့ သွားခေါ်လာသည်..။
“ဆရာ..သားလေး…..”
“စိုးရိမ် စရာမရှိပါဘူး..ရိုးရိုးဖျားတာလောက်ပါပဲ…”
“မနက်ဖြန် သက်သာ ပါ့မလား ဆရာ..”
“သက်သာမှာပါ..ဘာဖြစ်လို့လည်း..”
“ မနက်ဖြန် သားရဲ့ မင်္ဂလာဆောင်မို့လို့ပါ..”
“အော်..သိပ်တော့ မပင်ပန်းစေနဲ့ပေါ့ ..နေကောင်းခါစဆိုတော့…အားနည်းနေတာ.. ပင်ပန်းရင် မူးလဲတာတို့ သတိလစ်တာတို့ ဖြစ်နိုင်တယ်..”
..
ဆရာ၀န်ပြန်သွားတာ သိနေပေမဲ့ မျက်လုံးမဖွင့်ချင် ဘယ်သူကိုမှ မတွေ့ချင်ဘူး…မာ စိုးရိမ်နေတာသိပေမဲ့ သက်သာပြီလို့ မပြောချင်ဘူး..ကိုယ်ထဲက သက်သာပေမဲ့ နှလုံးသားက လေးလံနေတုန်းပဲ.. …တာ…ကို..တို့ တကယ်ဝေးရတော့မှာလား…တကယ်ချစ်ရဲ့နဲ့..ဘာလို့လည်းကွာ…။
“ဟန်…ဘာဖြစ်တာလည်း…မာ..”
“စိတ်ပင်ပန်းပြီး  ဖျားသွားတာနေမယ်..ကို ရယ်.ဒီ လက်ထပ်ပွဲ ရက်ရွေ့ လိုက်ရအောင်..သူတို့ အချင်းချင်း အရင် နီးစပ်အောင် “
“မရဘူး..မာ..ကို ပြောတဲ့ အတိုင်း မနက် ၉နာရီ အသင့်ဖြစ်ရမယ်..ဒါပဲ..”
“ကို…သားကို နည်းနည်းမှ မသနားဘူးလား..”  မာ က ပါ ကို ပြန်အော် တာ တစ်သက်မှာ အခုမှ  ကြားဖူးတာမို့ ဟန် အံသြမိသည်..။
“သနားတယ်…နူးကို ပိုသနားတယ်..”ပြောပြီး ပါ ထွက်သွားတာ ခြေလှမ်းကြမ်းကြမ်းနဲ့မို့ ဟန် မျက်လုံးမှိတ်ထားပေမဲ့ သိနေသည်..။
မာ..ငိုသံ ကြားရပေမဲ့..ဟန် မျက်လုံးလည်း မဖွင့်ချင် အနားလည်း မသွားချင်…ကိုယ့်ပါးမှာလည်း မျက်ရည်စီးချောင်းတွေနဲ့…။
.
မဂ်လာပွဲကို ခန်းမ မှာ လုပ်မှာမို့ ၉နာရီ အရောက်သွားဖို့…ပါ က သေချာ မှာထားတာ..
ဟန်နေမကောင်းပေမဲ့ အဆင့်သင့် လုပ်ထားလိုက်သည်..။
“ဟယ်..သတိုးသားက ချောလိုက်တာ…”
“သတိုိးသမီးကို လာတွေ့တာလား..”
“၀င်ချင်ရင် ၀င်ခ ပေးရမယ်လေ..”
“စမနေပါနဲ့..ပေး၀င်ခိုင်းလိုက်ပါဟယ်…”
ဟန်က အရယ်အပြုံးမရှိတဲ့ မျက်နှာသေ နဲ့မို့..မိန်းကလေး ၄ယောက်က ဘာမှ မပြောပဲ တံခါးဖွင့်ပေးသည်…။
အဖြူရောင် အခန်းထဲမှာ ဂါ၀န် အဖြူနဲ့ ထိုင်နေတာ စုန်းမ လို့ ဘယ်သူက သိပါ့မလည်း..။
“ဝိုး…လန်းတယ်ဟ…”မှန်ထဲကနေ တဆင့် ဟန်ကို ကြည့်ပြီး ထွက်လာတဲ့ သူဆီက မှတ်ချက်…။
“မင်း..သေချာစဉ်းစားပါ..ကိုယ်ကို မချစ်မနှစ်သက် တဲ့ ယောင်္ကျားနဲ့အတူတူ နေရတဲ့ ဒုက္ခကို မိန်းကလေးတိုင်း ကြောက်ကြတယ်…ဘာလို့လည်းဆိုတော့ ထင်မထားလောက်အောင် အန္တရယ်များလို့..”
ဟန် တကယ်ပြောလိုက်တာကို..မှန်ထဲကနေ နှုတ်ခမ်းတွန့် ပြုံးပြပြီး
“အွန့်…ခြိမ်းခြောက်နေတာလား..”
“ဘာလည်း…ပါ ကို သွားပြောအုံးမလို့လား..”
“ဟားဟား…ငါ က ပြေး မတိုင်တက်ပါဘူး..မကြောက်ပါနဲ့..ပြီးတော့ စိုးရိမ် စရာမလိုဘူး..ငါလည်း..ဒီဒီကြောင့် လက်ထပ်ရတာလေ..”
“မင်းလည်း..ငါ့ကို မချစ်တာသိတယ်…လက်မခံဘူးငြင်းလိုက်ရင်..အားလုံးပြီးတာကို..မင်းဘာလို့..”
“အတာမိုး ကြောင့်…”
“ဘာ..”
“ဟုတ်တယ်..အစကတော့ ဘယ်သူဖြစ်ဖြစ် လုံး၀မယူနိုင်ဘူး ကြွေးကြော်ထားတာ..နင် ကို အတာ က အရူးအမူးဖြစ်နေတာသိတော့..အဟက်..စိတ်ပြောင်းသွားတာ…”
‘မင်း…”ဟန်..နေမကောင်းတာကို ဆေးသောက်ထားလို့ သက်သာနေပေမဲ့…ကြားရတဲ့ စကားတွေကြောင့် လူက မူးနှောက်လာသည်..။ခေါင်းကို ခါ ထုတ်လိုက်ရင်း..
“မင်း..ကလဲစားချေချင်နေတာဆို…ဒီမှာရပ်လိုက်ပါ..မင်း ဘာခိုင်းခိုင်း ငါလုပ်မယ်..”
“ဟား..ဟား….မဟုတ်ပါဘူးဆို..ဘာတွေ ဖြစ်နေတာလည်း....” ဟန် စကားပြောနေရင်း..လဲကျ မလို့ ဖြစ်လို့ ဘေးက နံရံ ကို အမြန် လက်ထောက်ထားလိုက်ရသည်..။
“ဟာ…ဘာဖြစ်တာလည်း..”ဟန် အနားရောက်လာတဲ့ သတိုးသမီး ဆိုတာကို စိမ်းစိမ်း ကြည့်ရင်း ကျောခိုင်းထွက်လာခဲ့လိုက်သည်..။
ဧည့်သည် တွေကတော့ တွေ့မှာက
မျက်လုံးမှာ လိုင်နာ ထူထူနဲ့ ပီကေ ဝါးနေတဲ့ သတိုးသမီးနဲ့
.ရီဝြေပီး ဆွေးရိပ်သန်း နေတဲ့ မျက်၀န်းတစ်စုံ နဲ့ သတိုးသား ..
ထူးဆန်းတဲ့စုံတွဲကို  ကြည့်ပြီး ထင်မြင်ချက်အမျိုးမျိုးပေးသွားကြမှာပါလေ..။


တစ်နေ့တစ်ပိုင်းပဲရေးပြီးလို့ 😭😭😭😭😭
အားနာတယ်😭😭😭😭

အားပေးတဲ့သူအားလုံး❤📖❤
ကျေးဇူးအရမ်းတင်ပါတယ်❤💪❤

စည်းဆူး Where stories live. Discover now