[1]World 1: The Mutant Demon King's Human Bride

6.3K 420 7
                                    

Chapter 1: Forced to Pretend to be Killed by Lightning

<<UNICODE>>

မီးနီကိုဖြတ်ပြေးတဲ့ကလေးတစ်ယောက်ကိုကယ်ရင်းနမ်ရွှန်းဟာဆိုးရွားစွာကားတိုက်ခံရပြီးသေဆုံးသွားခဲ့သည်။

ဒါပေမယ့်အခုသူမပတ်ပတ်လည်ကအမှောင်ထုကြီးကိုကြည့်ကာအနည်းငယ်စိတ်ရှုပ်ထွေးသွားသည်။

ဒါဘယ်နေရာလဲ?ဘာလို့အမှောင်ထဲမှာဘာမှမြင်ရတာလဲ?ဖြစ်နိုင်တာက...

ချီးပဲ!သူမကလူကိုကယ်ရင်းရွှံ့ထဲမှာသေခဲ့ရတာလေ။ဒါတောင်နတ်ပြည်မရောက်ပဲငရဲပြည်ရောက်နေတာလား?

နမ်ရွှန်းကောင်းကင်ကိုကျိန်ဆဲချင်လာသည်။ဒါပေမယ့်သူမရှေ့ကအမှောင်ထုကရုတ်တရက်လှုပ်ရှားလာပြီးဝဲကတော့ကြီးဖြစ်လာသည်။

ဝဲကတော့ကတစ်ဖြည်းဖြည်းကြီးမားလာကာနောက်ဆုံးခမ်းနားတင့်တယ်တဲ့ကြယ်တာရာကောင်းကင်ကြီးထဲရောက်သွားသည်။

နမ်ရွှန်းသူမရှေ့ကအံ့ဩစရာတွေကိုစိုက်ကြည့်လိုက်သည်။

တဒ်...တဒ်...တဒ်။အသံကမိုးသံနဲ့တူသလိုပဲ။

နမ်ရွှန်းမျက်လုံးပြူးကျယ်သွားပြီးကြယ်တာရာကောင်းကင်ကြီးကိုဖြတ်ကာလှလှပပပျံသန်းရင်းသူမရှေ့ဆိုက်ရောက်လာတဲ့အဖြူရောင်မြင်းဖြူကြီးကိုစိုက်ကြည့်လိုက်သည်။

သူ့မှာသွယ်လျတဲ့ခြေတံရှည်လေးတွေ၊နူးညံ့တဲ့ဇောင်းမွေးတွေနဲ့ကြယ်‌တွေလိုတောက်ပပြီးထီးလေးလိုလှပတဲ့အမြီးလည်းရှိသည်။

"မင်းအသက်ရှင်ချင်လား?"မြင်းဖြူကနမ်ရွှန်းကိုစိုက်ကြည့်ကာမေးလိုက်သည်။

အပြင်ပိုင်းမှာတော့နမ်ရွှန်းမတုန်လှုပ်ပေမယ့်အတွင်းထဲမှာတော့အံ့ဩလွန်းလို့မိုးကြိုးတွေပါပစ်နေပြီ!

သူမသေပြီးတော့မြင်းတစ်ကောင်နဲ့‌တွေ့တယ်..မြင်းတောင်မှစကားပြောတဲ့မြင်းတော့!

"ငါကကောင်းကင်စွမ်းရည်ရှိတဲ့ရှေးဟောင်းဒဏ္ဍာရီလာတောကောင်ပဲ။အချိန်နဲ့နေရာတို့ရဲ့သခင်ဖြစ်ပြီးဟင်းလင်းပြင်ကိုဖြတ်ရင်းအချိန်နဲ့နေရာကိုခရီးသွားလို့ရတဲ့အပြင်အတိတ်နဲ့အနာဂတ်ရောပဲ.."မြင်းဖြူပြောလိုက်သည်။

The Villain Has Blackened again Arc(1)[MM Translation]Where stories live. Discover now