"ဟုတ် bye "

ဒီလိုမှန်းသိရင် နေ့လည်မှလာမှာပေါ့
ခုတော့ တစ်ယောက်တည်း ဆိုင်လည်းဖွင့်ရမယ်
နည်းနည်းပါးပါး သန့်ရှင်းရေးက လုပ်ရဦးမယ်

💕

ဟူး မောတာ တော်သေးတယ် customer တွေမလာလို့ ၊ ပြောရင်းဆိုရင်း ဆိုင်ရှေ့ ကားနက်ကြီး တစ်စီးရပ်သည်

ဟင် ဘွားပါလား
သူ့ကို မြင်တာနဲ့ လူကဘယ်လိုဖြစ်နေမှန်း မသိဘူး

"ဘွား "

"အင်း "

"ကော်ဖီ လာသောက်တာလား"

"အင်း ကိုယ့်လုပ်ငန်းက လူတွေအတွက်
သူတို့သောက်ချင်လို့တဲ့ "

"ဟုတ် ဘယ်နှစ်ခွက်လဲ ဘွား "

"၅ ခွက်လောက်
Americano ပဲလုပ်လိုက် "

"Ice or hot "

"Hot ပဲလုပ်လိုက် "

"ဘွားရော သောက်ဦးမလား "

"အင်း Latte တစ်ခွက် "

"စွဲသွားပြီမလား ကျွန်တော့်လက်ရာ "

"ဆိုပါတော့ "

"ဟုတ်ပါပြီ ခဏစောင့်နော် "

"အင်း ဒါနဲ့ သျှင်မင်းတစ်ယောက်တည်းလား "

"ဟုတ် အကိုနဲ့အမ ကခွင့်ယူထားတယ် "

"Aww "

"စောင့်ဦးနော် ဘွား
တစ်ယောက်တည်းမလို့ နည်းနည်းကြာမယ် "

"ကိုယ် ကူပေးမယ် "

ပြောကာ ကျွန်တော့်နားကို သူရောက်လာသည်

"ရပါတယ် ဘွားရဲ့
အေးဆေးထိုင်နေပါ "

"ရတယ် ဘယ်လိုလုပ်လဲရော ကြည့်ချင်လို့ "

"ဒါဆိုလည်း သဘောပါနော်
ကူမယ်ဆိုတော့ ခင်ဗျားကျွန်တော်ခိုင်းတာ လုပ်ပေးရမှာနော် "

"ဟုတ်ပါပြီဗျာ "

ဒီလူကြီး ကိုကြီးကြောင့်သာ မဟုတ်ရင်
တကယ်ခင်ဖို့ကောင်းပါတယ်

"ဘွား ဒါလေးဝတ်ပေးမလို့ ခေါင်းလေးနည်းနည်း
ငုံ့ပေး "

"Ok "

ကျွန်တော်ပြောတော့ လက်နှစ်ဖက်ကို ဒူးပေါ်တင်ပြီး ခါးကိုကုန်းပေးသည်
အနေအထားက မျက်နှာချင်းဆိုင်ကိုမှ
အလွန်နီးကပ်စွာ ၊ ညို့လွန်းတဲ့ သူ့မျက်ဝန်းတွေ
အကြည့်လွှဲဖို့ မရုန်းထွက်နိုင်ခဲ့ဘူး

ကိုယ့်ရဲ့ ကြွေရုပ်Where stories live. Discover now