"ဟာ မေမေကလည်း သားသားချောင်းပါဘူး'

"လာ ညီညီလေး ကိုကိုတို့ခြံထဲသွားဆော့ရအောင်' လက်လေးဆွဲပြီးခေါ်တော့

ကလေးလေးက ခေါင်းညိတ်ပြီး အနောက်ကပါလာသည်

"ညီညီလေး အသက်က ဘယ်လောက်လဲ'

လက်လေးလေးချောင်းထောင်ပြသည်

"လေးနှစ်လား'

"​ေခါင်းလေးညိတ်ပြသည်

"စကားပြောလေကွာ ကိုကိုနဲ့ဆော့မယ်ဆို စကားပြောနော်'

"ဟုတ်'

"အမလေး အခုမှပဲအသံထွက်လာတော့တယ်'

"နာမည်ကဘယ်လိုခေါ်တာလဲ'

"ဝမ်ရိပေါ်'

"တိတိလေးလို့ခေါ်မယ်'

"ဟုတ် ကိုကို'

"တူတူပုန်းတမ်းကစားရအောင် တိတိလေး ကိုကိုကပုန်းမယ် တိတိလေးက မျက်လုံးမှိတ်'
(ကလေးကိုညှက်ချနေသော မောင် ရှောင်းကျန့်ကြီးပါနော်)

ရှောင်းကျန့်ကျောင်းတက်ချိန်ဆို တိတိလေးက အိမ်မှာအမြဲငိုကျန်ခဲ့သည် သူ့မားမားက နေ့ခင်းထမင်းစားဆင်းချိန်ကိုလာတွေ့ရသေးသည်

ဝမ်ရိပေါ်လေးက ရှောင်းကျန့်ကိုခင်တွယ်လွန်းသလို ရှောင်းကျန့်ကလည်း ရိပေါ်လေးကိုခင်တွယ်လွန်းသည် တစ်ယောက်နှင့်တစ်ယောက် မျက်စိအောက်က အပျောက်မခံကြ

ရိပေါ်လေး ကျောင်းစတက်ချိန်မှာ ရှောင်းကျန့်က အားလုံးကြည့်ပေးရသည် တိတိလေးက ချေချေလေး သူငယ်ချင်းတွေနဲ့လည်းစကားမပြောအရမ်းအေးလွန်းသောကလေးတစ်ဦးဖြစ်သည်

ရှောင်းကျန့်အခန်းကိုအမြဲလာနေ၍ ရှောင်းကျန့်ရဲ့သူငယ်ချင်း ယွီပင်းနဲ့တော့ခင်သည် ကျန်သည့်သူငယ်ချင်းများကိုမူ အဖက်ပင်မလုပ်

ကလေးလေး တိတိလေး ခေါ်လည်း ခေါ်တဲ့သူသာမောသွားမယ် စကားပြန်မပြော ချစ်စရာဝတုတ်ကလေးမို့ လူတိုင်းကချစ်ကြသည်

အိမ်တွင်လည်း ဘာပြောပြောစကားနားမထောင်လျှင် မာမားက ကိုကိုနှင့်ကိုင်ပေါက်သည် ရှောင်းကျန့်နဲ့မဆော့ခိုင်းတော့ဘူး ရှောင်းကျန့်နဲ့တိုင်မှာနဲ့

Love me more than you can say (Completed) Unicode+ZawgyiWhere stories live. Discover now