ဒီချိန်ဆို ကျွန်တော့်ကို လမ်းလျှောက်ဖို့ လာခေါ်နေကျ ၊ ဒီနေ့တော့ လာမခေါ်သေးဘူး
ဟိုနေ့က ကိစ္စကြောင့်လား ၊ ကိုကြီး စိတ်ညစ်နေတုန်းပဲလား

ဒေါက် ဒေါက်

"ဟုတ် လာပါပြီ "

တံခါးသွားဖွင့်ပေးတော့

"ကိုကြီး "

"အင်း ငယ်
လမ်းလျှောက်သွားရမယ်လေ "

"ဟုတ် ကိုကြီး "

ခုမှပဲ စိတ်ထဲဝမ်းသာသွားတော့တယ်

💕

ဟိုဘက် ဒီဘက် ငါးခေါက်လောက် ပြေးပြီး
စတင်မောလာပြီ

ဟောဟဲ ဟောဟဲ

"ကိုကြီး ကျွန်တော် မောပြီ  ဆက်မပြေးနိုင်တော့ဘူး "

"၅ ခေါက်ပဲရှိသေးတယ် မောပြီပေါ့ ငယ်
ကိုကြီးလောက်တောင် မလုပ်နိုင်ဘူး "

"ဟဲဟဲ "

"ဒါဆို ခဏနားမယ် ပြီးမှ ဆက်ပြေးမယ်
လာ ဒီနားထိုင်ရအောင် ငယ် "

"ဟုတ် "

ရေသောက်ကာ ခဏအနားယူသည်
နေထွက်နေတာကို ကြည့်နေသော ငယ်
မနက်ခင်းနေရောင် ဖျော့ဖျော့လေးအောက်မှာ
ငယ့် မျက်နှာလေးဝင်းလို့
မြန်ဆန်နေတဲ့ ရင်ခုန်သံတွေကို ထိန်းကာ
ကျွန်တော် ငယ့်ကိုငေးကြည့်နေမိသည်
ငယ် ကိုကြီးလေ ငယ့်အပေါ်ကို အရောင်ဆိုးမိမှာ ကြောက်လိုက်တာ

"ကိုကြီး "

ကျွန်တော့်ကိုငယ် ခေါ်လိုက်မှအသိဝင်ကာ

"အင်း ပြောလေငယ် "

နေကိုကြည့်နေရာမှ အကြည့်လွှဲပြီး
ကျွန်တော် နှင့် မျက်နှာချင်းဆိုင်လှည့်ကာ

"ကိုကြီး အဆင်ပြေပြီလား "

"အင်း ပြေပါတယ် ငယ်"

"ကျွန်တော် ငယ်ငယ်ကတည်းက ကျွန်တော်လိုချင်တာ ဖြစ်ချင်တာတွေ လိုအပ်ချက်ဆိုတာ မရှိအောင်
ကိုကြီးက လုပ်ပေးခဲ့တယ် "

"အင်း "

"ဒါပေမယ့် အခု ကိုကြီးစိတ်ညစ်နေတဲ့အချိန်မှာ
ကျွန်တော် ဘာမှမလုပ်ပေးနိုင်သေးဘူး "

ကိုယ့်ရဲ့ ကြွေရုပ်Where stories live. Discover now