Ch12: part 3 ရှက်သွေးဖြာတဲ့ ချစ်ခရီးအစ(u+z)

Start from the beginning
                                    

"မှန်လှပါ အရှင့်သား"

ရီရှင်း မျက်နှာဖူးဖူးလေး ဟာ နီရဲလို့ ရှက်သွေးဖြာနေဆဲပဲ လင်းကျီ ကလဲ သူမရဲ့ ရှုမဝတဲ့ မျက်နှာလေး ကို ငေးမောနေဆဲပဲ စက်ရာပေါ်ကနေ သူမကို ငေးကြည့်ရတာ ဘယ်လောက်တောင် သာယာတဲ့ မနက်ခင်းလေးလဲ လင်းကျီ အတွေးစတွေဟာ အစေခံတွေရဲ့  လျောက်တင်သံမှာပဲ နှမြောတသစွား ပြတ်တောက်သွားရတော့တယ်။

"အရှင့်သား အိမ့်ရှေ့ မိဖုရားအတွက် ရေချိုးရန် အဆင်သင့် ပြင်ဆင်ပြီးပါပြီ"

လင်းကျီ စက်ရာ ပေါ်က မထချင်ထချင် နဲ့ ထပြီး အပေါ်ဝတ်အင်္ကျီကို ဝတ်ဆင်လိုက်ပြီး 

" အကူအညီ လိုသေးလား" လို ခပ်ပြတ်ပြတ် မေးလိုက်တယ်။

လင်းကျီ က လူတစ်မျိုး သူချစ်တာကို ထုတ်ဖော်မပြတတ်ဘဲ အရိုင်းဆန်နေတတ်တဲ့ နှလုံးသားမာကြောချင်ယောင်ဆောင်နေတဲ့ ခြင်္သေ့ ပေါက်လေး...

"ဟုတ် ကူညီပေးပါအုံး" ရီရှင်းကတော့ ရှက်ရွံ့စွာ တိုးဖျော့တဲ့ အသံလေးနဲ့ တောင်းဆိုလိုက်တယ်။

ရီရှင်း နန်းတွင်း အစေခံတွေ ပြင်ဆင်ပေးတဲ့ နှင်းဆီ လွှမ်းတဲ့ ရေစည်မှာ ရေချိုးပြီးတော့ ပြင်ဆင်ပေးထားတဲ့ Hanfu ကို ဝတ်ဆင်တယ်။

ရီရှင်း နန်းတွင်း အစေခံတွေ ပြင်ဆင်ပေးတဲ့ နှင်းဆီ လွှမ်းတဲ့ ရေစည်မှာ ရေချိုးပြီးတော့ ပြင်ဆင်ပေးထားတဲ့ Hanfu ကို ဝတ်ဆင်တယ်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

သူမ ဟာ ရှက်သွေးကြွယ်တဲ့ ပါးမို့မို့နဲ့ နှင်းဆီသွေးရောင်လွှမ်းလို့ တောက်ပနေတယ်။

"သခင်မလေးက သိပ် လှတာပဲ တော်ဝင်တဲ့ အလှကို မိုင်ဆိုင်သူမို့ အိမ်ရှေ့မိဖုရား ဖြစ်ရတာ။"

"ရှီ မင်းကတော့လေ မြှောက်စရာမရှိ ကြံဖန်မြောက်နေတော့တာပဲ လာနောက်ကျနေပီ ငါတို့ မနက်ခင်း ဂါရဝ ပြုဖို့နောက်ကျတော့မယ်"

ချစ်လှစွာသောဧကရီ(ခေတ္တရပ်နား)Where stories live. Discover now