ကိုကြီးကို ပြန်ရယ်ပြတော့
ကျွန်တော့် ခေါင်းလေးကို ဖွကာ ကျွန်တော့်ကို ပြန်ပြုံးပြသည် ၊ မြင်ရခဲသည့် ကိုကြီးအပြုံး
အရှေ့က ကိုမင်းတောင် အံ့သြမှုတွေနဲ့
ကိုကြီးပြုံးတာ ခုမှမြင်ဖူးတာထင်တယ်
ကျွန်တော်ကတော့ မှတ်မှတ်ရရ ဒါနဲ့ဆို
ကိုကြီး ကျွန်တော့်ကို ပြုံးပြတာ ၃ ခါရှိပြီ

💕💕💕💕💕

At 12 o clock,

စာရွက်အပ်ဖို့ ဆရာမတွေ သတိပေးမှ
သေသေချာချာ ဖြေထားသော အဖြေစာရွက်ကို အပ်ကာ ထွက်လာခဲ့သည် ၊ ကျောင်းရှေ့မှာ ကိုကြီး အသင့်စောင့်နေသည်

"မျက်နှာကြီးပြုံးနေပုံ ထောက်ရင် ဖြေနိုင်တယ်ပေါ့ "

"ဟုတ်တယ် ကိုမင်း
ကျွန်တော် ဖြေနိုင်တယ်
ကိုကြီး ကျွန်တော်ဖြေနိုင်တယ် "

"ယုံတယ် ငယ့်ကို
လာ နေ့လည်စာ သွားစားမယ် "

"ဟုတ် "

"မင်းမင်း president ကိုသွား
Booking လုပ်ထားတယ် "

"ဟုတ် CEO "

"ကိုကြီး အားလို့လား "

"အားတယ် ငယ်
နေ့လည်စာ ကျွေးချင်လို့ ပြီးတော့ ပြစရာလည်းရှိတယ် "

"ဟုတ် "

At president restaurant ,

ကျွန်တော် ဘာမှမမှာလိုက်ရဘူး
ခဏအကြာတော့ စားစရာ​တွေ ရောက်လာသည်
ကျွန်တော် အရမ်းကြိုက်တဲ့ အစားအစာတွေပဲ

"ဘယ်လိုလဲ ငယ်
ကြိုက်လား "

"ကြိုက်တာပေါ့ ကိုကြီးရဲ့
အကုန်လုံး ကျွန်တော့်အကြိုက်တွေပဲ "

"ဟုတ်ပြီ အများကြီးစား "

"ဟုတ် ဒါနဲ့ ကိုကြီးရော မစားဘူးလား "

"စားမှာ ဒီထဲကပဲ စားမှာ "

"ဟင် ကိုကြီး စားနိုင်လို့လား
ဒီဟာတွေက စပ်တယ်
ကိုကြီးက အစပ်မှ မစားတာ "

"အင်း စားကြည့်မလားလို့ "

"အရမ်းစပ်တယ်နော် ကိုကြီး "

"ရတယ် ကိုကြီး စားကြည့်ချင်တယ်
ငယ် ကြိုက်တဲ့အစားအစာကို "

"ဟုတ် ကိုကြီးစားကြည့်ချင်တယ်ဆိုရင် စားပါ
တစ်ခါတစ်လေ အစပ်လည်း စားသင့်တယ် "

ကိုယ့်ရဲ့ ကြွေရုပ်Where stories live. Discover now