Feeling

21 1 0
                                        

မခွဲဘူးဆို.......
💔💔💔💔
ဆောင်းတွင်းရဲ့မနက်ခင်းက ကိုယ့်အတွက် ပုံမှန်ထက်ပိုအေးစက်နေတယ်...အရင်လို နွေးထွေးမှုပေးမယ့်မင်းမရှိတော့လို့နဲ့တူတယ်..

တွေးရင်းမျက်ရည်ကျရပြန်တယ် မနက်တိုင်း မင်းအကြောင်းတွေးရင်းငိုရတာ ကိုယ့်အလုပ်လိုဖြစ်နေပြီ..

လေးပင်နေတဲ့ခြေလှမ်းတွေကို သက်ပြင်းတစ်ချို့နဲ့အတူ ရေချိုးခန်းထဲဝင်ပြီး အရင်နေ့တွေကလိုဘဲ ပြင်ဆင်နေမိတယ် ဒါပေမဲ့ မင်းမပါဘူးပေါ့

အရာရာက အရင်တိုင်းပေမယ့် ကိုယ့်ကတော့ လိုနေတာ ရှိနေတယ်... နေရာတိုင်းက မင်းရဲ့ အငွေ့အသက်တွေနဲ့ပြည့်နေတယ်

ဘယ်လိုလဲ ထားခဲ့ရတာပျော်ရဲ့လား...
ဒီလိုပြောလို့ မင်းကို အပြစ်တင်ရတာမဟုတ်ပေမယ့် ဒေါသတော့ထွက်ရတယ်..တစ်ယောက်ထဲ ထားခဲ့ရက်တယ်.

ထုံးစံလိုအလုပ်ထဲ စိတ်မပါစွာ လုပ်နေမိတယ်..အရင်လိုမင်းလာဆူလေမလားဆိုပြီး.
အချည်းအနှီးပါဘဲ မင်းရဲ့ အရိပ်လေးတောင်ထပ်မတွေ့ရတော့ဘူး.

ဒါပေမယ့်ကိုယ့်ရင်ထဲမှာ မင်းရဲ့ပုံရိပ်တွေ ပြည့်နှက်နေပြန်တယ်

မျက်ရည်တွေ ကျလာပြန်ပြီ ဒီတစ်ခါမသုတ်တော့ဘူး..ဘယ်တုန်းကမှမသုတ်ခဲ့ဘူး.

ကိုယ်ငိုတာမကြည့်ရက်တဲ့ မင်းလေး လာများသုတ်ပေးလေမလား မျှော်လင့်ချက်လေးနဲ့

ကိုယ်ငိုတာတွေ့တဲ့သူဋ္ဌေးက အိမ်ပြန်ပြီး နားဖို့ပြောတယ် ကိုယ်မငြင်းခဲ့မိဘူး ကိုယ့်အတွက် အချိန်လိုတယ်မလား

အိမ်ပြန်လမ်းမှာ မင်းနဲ့စတွေ့တဲ့ ကော်ဖီဆိုင်လေး အရင်လိုဒီဆိုင်ရှေ့ကဖြတ်ရင် ကိုယ်မပြုံးမိတော့ဘူး

မျက်ရည်တွေကနာကျည်းစွာကျလာတယ်..

မင်းထားရက်ခဲ့တယ်..မခွဲဘူးလို့ ထပ်ခါထပ်ခါပြောနေခဲ့တဲ့ မင်းက ကိုယ့်ဆီက အစောကြီး ဘာလို့ ထွက်သွားခဲ့ရတာလဲ..

နောက်ဆုံးအနေနဲ့ ကိုယ့်ကိုပြုံးပြခဲ့တဲ့ မင်းအပြုံးတွေ ကိုယ့်မှာ ရင်နာနာနဲ့ သိမ်းထားရတယ်..

ကြည့်နေရဲ့လား ကောင်းကင်ပေါ်ကနေ ကိုယ့်ကို
မြင်ရဲ့လား မင်းမရှိတော့ အရူးတစ်ယောက်လိုဖြစ်နေတဲ့ ကိုယ့်ကို.

You've reached the end of published parts.

⏰ Last updated: Dec 04, 2019 ⏰

Add this story to your Library to get notified about new parts!

Just Feeling 😌Where stories live. Discover now