"နိုးပြီးလား ကလေးငယ် "

"ဟုတ် ဦးလေးကြီး "

"ဘယ်လိုလဲ နေထိုင်ရ ကောင်းပြီလား
ဒဏ်ရာတွေရော နာသေးလား "

"ကျွန်တော် နေကောင်းပါပြီ ဦးလေးကြီး "

"အေးအေး
ဟိုမှာ ရေချိုးခန်း ရှိတယ်
ကိုယ်လက်သန့်စင်လိုက် ၊ ရေချိုးချင်ရင်လည်း ချိုး ၊ ဦးလေး အဝတ်အစား ထုတ်ပေးထားမယ် "

"ကျေးဇူးတင်ပါတယ် ဦးလေးကြီး "

"ရပါတယ်ကွယ် အကုန်ပြီးရင် အောက်ထပ်ကို ဆင်းလာခဲ့ပါ မနက်စာ လုပ်ပေးထားမယ် "

"ဟုတ် "

ရေးချိုးပြီး ထွက်လာတော့ ဦးလေးကြီး ထုတ်ပေးထားသည့် အဝတ်အစားဝတ်ပြီး အောက်သို့ ဆင်းလာခဲ့သည်။

"လာ လာ သမီးလေး
မနက်စာ စားရအောင် "

"ဗျာ ကျွန်တော့်ကို ခေါ်တာလား ဒေါ်ကြီး "

"အင်းလေ ဒီနားမှာ သမီးပဲရှိတာကို "

"ဟို ဟို ကျွန်တော်က မ...."

"နုရယ် ဘယ်လိုတွေခေါ်နေတာလဲ
အဲတာ ယော်ကျားလေးပါ "

တော်သေးတယ် ဦးလေးကြီး ရောက်လာလို့

"အမ် တကယ်လား
ကျုပ်က မိန်းကလေး ထင်နေတာ "

ထင်လည်း ထင်ချင်စရာပါ
မနေ့ကနှင့်မတူပါ
ရေချိုးထားတော့ မျက်နှာလေးကို ကြည့်လင်လို့
မျက်လုံးပြူးပြူး နှာတံဆင်းဆင်း နှုတ်ခမ်းပါးပါးလေးနဲ့ ချစ်စရာ
ပြီးတော့ နှုတ်ခမ်းထိပ်လေးမှာ မှဲ့ကလေးနဲ့

"လာလာ ကလေး
ဒေါ်ကြီးက မသိလို့ရယ် "

"ရပါတယ်ဗျ "

"အားမနာပဲ စားနော်
အာဟာရတွေပြန်ပြည့်အောင် "

"ဟုတ်
ဒါနဲ့ ဦးလေးကြီး "

"အင်း ပြောစရာရှိလို့လား "

"ကျွန်တော် နေကောင်းပြီမလို့
အခုပြီးရင် သွားတော့မယ်
ဂရုစိုက်ပေးခဲ့တာတွေအတွက် ကျေးဇူးအများကြီးတင်ပါတယ် "

"အင်း လူလေး မင်းဓန လာမှ
ပြောပြီးသွားပါကွယ် "

"ဟုတ်သားပဲ ကိုကြီးကိုမတွေ့မိဘူး "

ကိုယ့်ရဲ့ ကြွေရုပ်Where stories live. Discover now