CB : A Love So Beautiful

5.5K 508 61
                                        

Edited Version:
[Zawgyi]

-2019ခုနှစ်-

ကျောင်းဆင်းပြီဆိုတာနဲ့ ထုံးတမ်းစဉ်လာအတိုင်း Baekhyunတို့ သူငယ်ချင်းသုံးယောက်က တစ်လမ်းကျော်မှာ ရှိသည့် မိန်ကလေးကျောင်းဘက်ကို အပြေးသွားကြသည်။

ဒီနေ့တော့ ခါတိုင်းနေ့တွေထပ် တမူထူးပြီး မြူးနေတာကတော့ Baekhyunပဲဖြစ်တယ်။ ဒီနေ့မှာတော့ သူက တိတ်တခိုးသဘောကျနေရသော ChanYeonဆိုသည့် ကောင်မလေးကို ဖွင့်ပြောရန် စီစဉ်ထားသည်။

ကျောပိုးအိတ်ရဲ့ ဘေးအိတ်ကပ်လေးမှာ တယုတတယထည့်ထားသော နှင်းဆီဖြူနှင့် ချောကလက်တောင့်လေးကို တသသကြည့်ရင်းနဲ့ ရွှင်ပျပျလေးဖြစ်နေသည့် Baekhyunကို သူငယ်ချင်းနှစ်ယောက်က ကြည့်ပြီး နှာတရှုံ့ရှုံ့ဖြစ်နေကြသည်။

"တော်ရုံအဖြစ်သည်းစမ်း Little Byun! အမြင်ကပ်လာပြီကွ"

"အေးလေ။ အဲ့ကောင်မလေးနဲ့မတွေ့ပဲ သူ့အစ်ကိုနဲ့တွေ့လို့ ပြေးပေါက်မှားနေအုံးမယ်"

"တိတ်စမ်း! မကောင်းပြောတဲ့ မင်းတို့ပါးစပ်တွေကို အိမ်သာရေနဲ့ သန့်စင်လိုက်! ငါက သေချာပေါက် ChanYeonနဲ့ချစ်သူတွေဖြစ်မှာ"

သူငယ်ချင်းရည်းစားရမယ့်အရေးကို ဝမ်းပမ်းတသာနဲ့ကူညီပေးမယ်မရှိ။ ပါးစပ်ပုတ်ကြီးဖြင့် လျှောက်ပြောနေသော သူငယ်ချင်းအကောင်းစားလေးနှစ်ယောက်ကို Baekhyunက မကျေမနပ်နဲ့ မျက်စောင်းတွေချည်း လှိမ့်ပိတ်ထိုးနေလိုက်သည်။

သူငယ်ချင်းတွေကို အကြောမခံနိုင်လို့သာ Baekhyunက အနိုင်စကားပြောရတာ။ တကယ်တမ်းတော့ သူကလဲ ChanYeon၏ အစ်ကိုဆိုသူကို ကြောက်ပါသည်။ လူကိုမမြင်ဖူးပေမယ့် ကြားထားသည့် သတင်းတွေက သေချာပေါက် ကောင်းခြင်းတွေမဟုတ်တော့ ကျောချမ်းရတဲ့အထိကြောက်သည်။

ChanYeonရဲ့အစ်ကိုက သူ့ညီမအနား ကပ်ဖို့ကြိုးစားသူတိုင်းကို အနုနည်းနဲ့မရရင် အကြမ်းနည်းသုံးပြီး ပထုတ်တတ်တယ်ဆိုတဲ့ သတင်းဆိုးတွေလဲရှိသည်။ ဒါ့ကြောင့် လူကြမ်းအစ်ကိုကြီးကို ပိုင်ဆိုင်ထားသည့် ChanYeonကို ချည်းကပ်ဖို့ဆို တော်ရုံသိတ္တိနဲ့မရဘူး။ Baekhyunလို ဗလနဲ့ဇနဲ့ ပြီးပြည့်စုံတဲ့ သူကပဲ ချည်းကပ်နိုင်သည်။

You've reached the end of published parts.

⏰ Last updated: Jan 10, 2023 ⏰

Add this story to your Library to get notified about new parts!

Random StoriesStories to obsess over. Discover now