အပိုင်း(၁)

10.9K 901 27
                                    

Every Chapter is written in both
Zawgyi and Unicode.

[Unicode]
1990/Oct

ကောလိပ်ကနေအမှတ်ကောင်းကောင်းနဲ့
အောင်တဲ့အပြင် တက္ကသိုလ်တက်ဖို့
ပိုက်ဆံစုရမှာမို့လို့ အလုပ်ရှာနေတဲ့
ရှောင်ကျန့်က လွယ်လွယ်ကူကူပဲ
သူတက်ခဲ့တဲ့ကျောင်းက မူလတန်းပြ ဆရာလေးအဖြစ်နဲ့ အလုပ်ရခဲ့တယ်။ အရင်က လယ်လေး၃ဧကလောက်ကို အဖေက လယ်ထွန်ရင်း မောင်နှမ၃ယောက်နဲ့ အမေနဲ့ စုစုပေါင်း မိသားစုဝင်၅ယောက်ရှိတဲ့
အိမ်တစ်အိမ်ရဲ့စားဝတ်နေရေးကို ထိန်းထားပေးနိုင်ခဲ့တယ်။ သာမန် လက်လုပ်လက်စား
လယ်သမား တစ်ယောက်ရဲ့ ဝင်ငွေက
စားဝတ်နေရေးကို ဖြေရှင်းနိုင်ပေမယ့်
ကလေးတွေရဲ့ပညာရေးကတော့ တကယ်ပဲ
ကြပ်တည်းလှတယ်။ ရှောင်ကျန့်ရဲ့
ညီမအငယ်ဆုံးလေးက အသက်၅နှစ်ကျော်နေပြီး
အခုထိ မူကြိုမတက်ရသေးဘူး..
ညီအလတ်လေးကတော့ ဒီနှစ်အလယ်တန်း
တက်ဖို့အတွက်ကို ရွာထဲက
မွေးမြူရေးသူဌေးတစ်ယောက်ရဲ့
ဆိတ်တွေကျောင်းပေးရင်း သူ့ပိုက်ဆံသူရှာနေရတယ်။
မြို့တော်နဲ့ဝေးလွန်းလှတဲ့ နယ်မြို့လေးမှာ
သူတို့အတွက် ပိုက်ဆံရနိုင်မယ့် အလုပ်
များများစားစားမရှိခဲ့ဘူး

အခုတော့ ရှောင်ကျန့် အလုပ်ရပြီမို့
မိသားစုအတွက် အဖေနဲ့အတူ
တစ်ဖက်တစ်လမ်းကတာဝန်ယူနိုင်တဲ့အပြင်
ပေကျင်းမှာတက္ကသိုလ်သွားတက်ဖို့ပါ
ပိုက်ဆံစုနိုင်လောက်မှာမို့ အပျော်ကြီး ပျော်နေခဲ့တယ်။
မှတ်မှတ်ရရပါပဲ..အဲ့ဒီ့နေ့က
ညီမလေးနဲ့ညီလေးအတွက် အသားကင်ရယ်
မားမားနဲ့ပါးပါးရယ်အတွက် အားဆေးတချို့ရယ်
ဝယ်လာပေးခဲ့တယ်။

1990/Dec

လူချမ်းသာမဟုတ်တဲ့ ရှောင်ကျန့်တို့အတွက်
ပျော်စရာအချိန်တွေက ကြာကြာမခံခဲ့ဘူး။

ရှောင်ကျန့်ရဲ့ဝင်ငွေအပြင် ပိုက်ဆံအပိုရအောင်တဲ့
အဖေက တစ်ပတ်ကို ၃ရက် ရွာထဲက
ကာလသားအုပ်စုနဲ့ ထင်းခုတ်လိုက်သွားတယ်။

ကံမကောင်းတဲ့တစ်နေ့
မိုးတွေသိပ်သည်းထန်လွန်းတဲ့ အဲ့ဒီ့တစ်နေ့မှာပဲ
ထင်းခုတ်လိုက်သွားတဲ့အဖေက
တောင်ပေါ် ဆင်ခြေလျှောပေါ်ကချော်ကျ ပြီး
မတော်တဆမှု ဖြစ်ခဲ့တယ်။
ရွာက ကာလသားတွေရဲ့ အကူအညီနဲ့
တောထဲကနေ အိမ်ကို ချောချောမွေ့ မွေ့
ပြန်ရောက်လာပေမယ့် ပေါင်အရိုးကျိုးသွားခဲ့တယ်။
တက္ကသိုလ်တက်ဖို့ ရှောင်ကျန့်ဖယ်ထားတဲ့
စုငွေတွေကလည်း အ​ဖေ့ဆေးဖိုးအတွက်တောင်
လောက်ငှမနေခဲ့ဘူး..
အသက်ကြီးသူတစ်ယောက်မို့
ပြန်ကောင်းဖို့ကလည်း မဖြစ်နိုင်တော့ဘူး
မူလတန်းပြ ဆရာလေးတစ်ယောက်ရဲ့
လစာကလည်း မိသားစု၅ယောက်လုံးရဲ့
စားဝတ်နေရေးနဲ့ကျန်တဲ့မောင်နှမတွေရဲ့
ပညာရေးအတွက် တကယ်ကို
ခက်ခဲ ပင်ပန်းလွန်းတဲ့ ဝန်ထုပ်ဝန်ပိုးကြီးပဲ..
ခရစ်စမတ်နီးပြီမို့ လူတိုင်းပျော်နေကြတဲ့
Decလက ရှောင်ကျန့်အတွက်တော့
ဘာခံစားချက်မှ အထွေအထူးရှိမလာခဲ့ဘူး..
ဒီမိသားစု စားရေးသောက်ရေးအဆင်ပြေဖို့
သူဘာလုပ်ရမလဲပဲ တွေးနေခဲ့တယ်။

Amore della mia vita ( Love of my life)Where stories live. Discover now