ရီပေါ် အူကြောင်ကြောင်ဖြစ်သွားတယ် !
ကော ဘာတွေပြောနေတာပါလိမ့် !
သူပဲ ပြတ်ပြီပြောလို့  ရီပေါ့်မှာ အလူးအလဲ ပြဲကွဲခဲ့တာလေ !
ကျန့်ကော စိတ်ပြေတဲ့ထိ  စောင့်ရင်း သူ surprise လုပ်ဖို့ရည်ရွယ်ထားတဲ့နေ့မှာ  ပြန်ချော့ဖို့ စိတ်ကူးထားတာလေ !

ခုတော့ ကျန့်ကောကို သူကပြတ်ပြီပြောခဲ့တယ် ???
အနောက်အရပ်က နေဆယ်စင်းထွက်တယ်ဆိုတာတောင်ယုံရသေးတယ် !
ဝမ်ရီပေါ်  ရှောင်ကျန့်ကို စိတ်ပြတ်နိုင်တယ်ဆိုတာ မဖြစ်နိုင်တာကြီး !
ချစ်ရလွန်းလို့ ဒီယုန်ပေါက်ကို မျိုတောင်ချထားချင်တာကို !
ချစ်လို့ကိုမဝတဲ့ ချစ်မဝလေး ကျန့်ကော !

သူ့ကို စိတ်တိုင်းကျထုနှက်နေတဲ့ ကျန့်ကောကို  အူယားလွန်းလာတော့  ရင်ခွင်ထဲဆွဲပွေ့လိုက်တယ် !
အရပ်ရှည်ပေမဲ့ ခန္ဓာကိုယ်သေးသေးလေးမို့ ရှောင်ကျန့်က ရီပေါ့်ရင်ခွင်ထဲမြုပ်သွားရော !

" အင့် ...! ဝမ်ရီပေါ် လွှတ်စမ်း ! မင်းနဲ့ငါ စာရင်းရှင်းရဦးမယ်ကွ !လွှတ်စမ်း "

" ခဏ  ခဏနေပါဦး ကျန့်ကောရ ! ဘယ်က ပြတ်တာတုန်း ! ကျွန်တော်က ကောကို ပြတ်နိုင်မယ်များထင်နေလား !  ကောကပဲ ကျွန်တော့်ကို ချစ်မိတာမှားပြီဆိုပြီ ပြောချသွားတာလေ ! ကျွန်တော့်မှာ  ဘယ်လောက်တောင်အသည်းကွဲရတယ် မှတ်လဲ "

" အောင်မာ ! ခုမှ ဗြောင်လိမ်ဗြောင်စားလုပ်မနေစမ်းနဲ့ ! ဘာ  !!! ကျွန်တော်တို့အတည်ပြတ်ကြရအောင် ဟုတ်လား ?? ဘာလို့အဲ့လောက် ပြတ်ချင်နေတာတုန်း  မကောင်းတဲ့အကောင်ရဲ့ "

" ကော ! မဟုတ်သေးဘူးနော် ! ကျွန်တော်က ဘာလို့ ပြတ်တယ်ပြောရမှာလဲ ! ကောကသာ ကျွန်တော့်ကို ဖြတ်သွားခဲ့တာလဲ "

ကျန့်ကောက မျက်စောင်းနာနာထိုးရင်း ဆောင့်အောင့်နေတယ် !
ပြီး ဖုန်းကို ထုတ်ပြီး ရီပေါ့်ကိုပြတယ် !

ရီပေါ် မျက်လုံးတွေ ဆယ်ဆလောက် ပြူးကျယ်သွားတယ် !
ကြက်သီးတွေတောင် တဖျန်းဖျန်းထလာတယ် !

" ရှောင်ကျန့် !  ကျွန်တော်တို့အတည်ပြတ်ကြတာပေါ့ "

ခွေးသူတောင်းစား ယွီပင် ! ငါ့ကိုထည့်သွားပြန်ပြီ !
အဲ့ဒါကြောင့် ကော်ဖီဆိုင်က ထပြန်ခါနီးဆဲဆဲမှာ  စပ်ဖြဲဖြဲနဲ့ ငါ့ကိုတဝိုင်းတော့ပြုစုလိုက်လို့  ပြောတာကိုး !

Ge ! Di Di Loves You !Where stories live. Discover now