(Zawgyi ver)
Yizhan Ficကို ဒါ ပထမဆုံး ရေဖူးတာပါနော်....
မထင်မှတ်ဘဲ မြင်လိုက်မိတဲ့ ပုံလေးတစ်ပုံက စိတ်ထဲဆွဲနေပြီး မရေးရမနေနိုင်တဲ့ အထိ
ဆွဲခေါ်လာတယ်ဆိုပါတော့~~
LOVELORN~
Start~
ဆေးရုံ ဆိုတဲ့အတိုင်း
လူနာပေါင်းမျိုးစုံ အပြင် ..
လူနာရှင်တွေနဲ့ပါ ရှုပ်ယှက်ခက်နေတဲ့
နေ့တဒူဝ........
ဆရာဝန်တွေမှာလည်း နားချိန်ပင် လုံလုံလောက်လောက်မရှိဘဲ
လူနာတွေကို ပြေးကြည့်ပေးရ ...
ကြားထဲက ဆရာဝန်တွေကို နားမလည်ပေးတဲ့ လူနာရှင်တွေရဲ့ အပြောအဆိုကို ခံရသေးတာ~
ရှောင်းကျန့် လေပြင်းပူပူတစ်ချက် မှုတ်ထုတ်လိုက်သည်..
လူတွေရဲ့ အသက်ကို
ကယ်တင်ရတာကိုကသူ့ရဲ့
ဝါသနာဖြစ်နေတော့လည်း သည်းခံ သည်းခံ...
ဘေးနားက ခုံလေးမှာ စိတ်ရော လူရော လျှော့ချပြီးထိုင်ရုံရှိသေး အပြေးအလွှားနဲ့ သူ့ဆီပေါက်ချလာတဲ့ ဂျူနီယာကောင်တစ်ကောင်......
"စီနီယာ... စီနီယာရဲ့ ဟို လူနာထပ်ရောက်လာတယ်...."
ဂျူနီယာရဲ့ မျက်နှာကြီးကိုတစ်ချက်ရှိုးလိုက်ပြီး
ဟိုလူနာဆိုတည်းက
ရှောင်းကျန့်သိလိုက်ပါပြီ....
ပုရွက်ဆိတ်လောက် ရှိတဲ့ ဒဏ်ရာကို
ဆင်လောက်ရှိတဲ့အတိုင်း ပလီပလာများပြီး
အမြဲ ရောက်ရောက် လာတဲ့ ဟိုကာလနဂါးဘဲနေမှာ....
သက်ပြင်းသာချပြီး လူနာဆောင်ကို သွားကြည့်တော့ ပီကေဝါးရင်း
ခြေထောက်ကိုပါ နှံ့ပြီး ထိုင်နေတဲ့ အဆိုးအပေ ဝမ်ရိပေါ်ကိုလည်းတွေ့ရော
ရှောင်းကျန့် ရှုံ့မဲ့ သွားသည်...
လူနာတွေကို သတ်ဖြတ်တော့မယ့်ပုံနဲ့ ကြည့်နေတဲ့ အချိုးကိုကြည့်!!!
ရှောင်းကျန့် အသဲတွေယားလာပြီး
ဝမ်ရိပေါ်ကို နောက်ကနေ နရင်း ပိတ်အုပ်ပစ်လိုက်တော့...
"အ...ဘယ်ကောင် ငါ့ကိုရိုက်...."
"ဘာလာလုပ်ပြန်ပြီလဲ.."
တခြားသူ ရိုက်တယ်အထင်နဲ့ ထပြီး ဆဲမလို့ပြင်ပြီးခါမှ သူ့ရဲ့ကောကောဖြစ်နေမှန်းလည်းသိရော
ပျားရည်ကို နို့ဆီနဲ့ရောဖျော်ထားတဲ့ ရုပ်ဖြစ်သွားသော ဝမ်ရိပေါ်...
