ရီပေါ့်မျက်လုံးအစုံက..ဘလင်းဘလင်းဖြစ်လာကာ..မျက်မှန်လေးကိုပင့်တင်လိုက်ပြီး..တံတွေးတစ်ချက်မြိုချလိုက်သည်။ ပြီးမှ...

"ဒီလောက်ထိ Boss က ရက်ရောမှတော့
သူ..လက်ခံမှာကျိန်းသေပါတယ် ၊ မနက်ဖြန် ကျနော်သူ့ကိုလွှတ်လိုက်မယ် ၊နောက်ပြီး..ဒီနေ့ပဲကျ​ေနာ်ထွက်စွာတင်ချင်တယ်.."

ရှောင်းကျန့် မျက်ခုံးအစုံကအလိုမကျမှုကြောင့်တွန့်ကြုတ်ကုန်ပြီး...ရီပေါ်အား..ခြေစုံခေါင်းဆုံးစေ့စေ့ကြည့်ကာ..

"မင်း..ပြောတာဘာသဘောလဲ..၊
ငါ့ကိုတစ်ပတ်ရိုက်ပြီးထွက်ပြေးမလို့လား၊
ငါ့..လူတွေက မင်းလိုပိန်းဥတစ်ယောက်ကိုမရှာနိုင်ဘူးထင်နေလား..တာဇံကောင်ရဲ့"

ဘာ....ပိန်းဥ...
တာဇံကောင်..တယ့်..။
အရမ်းကိုများနေပြီ..Boss ငကွေးရယ် ၊
ဒီနေ့တော့ပြောထားလိုက်အုံး..။
မနက်ဖြန်..ခင်ဗျားနဲ့ကျနော် တွေ့ပြီပေါ့။

ရီပေါ် စိတ်ထဲမှမိုးမွှန်အောင်ကျိန်ဆဲနေသော်လည်း အပြင်မှာတော့..နွားပွဲစားကိုမြင်သည့်အလား..တဟီးဟီးသွားဖြဲပြနေကာ..

"ဟီး..Boss အကြောင်းကျနော်သိပါတယ်၊ မနက်ဖြန် အဲ့ကောင်မလေးဒီကိုရောက်လာမှ ကျနော့် Account ထဲကိုငွေလွှဲပေးပါ ၊ အဲ့ဒါဆို Ok...လား.."

ရှောင်းကျန့်က...သိပ်တွေးတောမနေပဲ..

"ကောင်းပြီလေ..ဒါနဲ့ အဲ့အစစ်မ နာမည်ကဘာတယ့်လဲ.."

ရီပေါ်..ထိုလောက်ထိတော့မစဥ်းစားမိ ။
ထိုကြောင့်စိတ်ထဲရှိရာပြောပစ်လိုက်သည်က

"ဟို..သူ့နာမည်က..ခွမ်းဟွား တယ့်..
ဘယ်လိုလဲ လှတယ်မလား ၊ ကျနော် ထွက်စာသွားရေးလိုက်အုံးမယ်နော် ဟီး"

အခန်းထဲမှ..စပ်စလူးနတ်ပူးသလိုပြေးထွက်သွားသော ဝမ်ရီပေါ်ကြောင့်..ရှောင်းကျန့်မှာအံံသြနေရုံမှလွဲ၍...။
ထွက်စာ..ရေးဖို့တတ်ကြွလွန်းတယ့်အလုပ်သမားကို..ခုမှတွေ့ဖူးခြင်းပင်..။

"ဝမ်ရီပေါ်..က..ကြောင်ရုံကြောင်နေတာမဟုတ်ဘူး ၊ ဦးနှောက်မှာပြသာနာတစ်ခုခုရှိနေပုံပဲ ၊နောက်ပြီး..ဘာတယ့် ခွမ်းဟွားဆိုတယ့်နာမည်ကိုလှတယ်ဆိုပဲ..၊မင်းဂျီးတော်ကိုလှပါလား..."

💮"Bunny and Honey"💮{{COMPLETED}}Where stories live. Discover now