"ပြပါအုံး...အစစ်မ..ဓာတ်ပုံလေးဘာလေး..."

"အမ်..ဘာကြီး..အစစ်...အစစ်မ..
ဟုတ်လား..."

ရီပေါ်..နဝေတိမ်တောင်ဖြင့်ပြန်မေးလိုက်တော့..ဟက်ဟက်ပက်ပက်ကိုထရယ်တော့သည်..။ မျက်မှန်အောက်မှ ရီပေါ့်မျက်လုံးတွေက..နှစ်ဆလောက်ပြူးကုန်ကာ..နှုတ်ကလဲဘောက်ဆတ်ဆတ်ဖြင့်..

"ဘာရယ်တာလဲဗျ..၊
မိန်းကလေး..မှာတောင် အစစ်မဆိုတာရှိသေးလို့လား..ကျနော်ဖြင့် Boss ကိုနားမလည်နိုင်တော့ဘူး.."

ရှောင်းကျန့်ကမျက်ခမ်းစပ်နှစ်ဖက်ကိုလက်နှင့်အသာတို့ထိလိုက်ပြီး...

"ဝမ်ရီပေါ်ရာ...ရယ်ရတာမျက်ရည်တောင်ထွက်တယ် ၊ ပိန်းဥလို့ပြောရင်လဲမကြိုက်ဘူး ၊ ခေတ်ပညာတတ်တစ်ယောက်ဖြစ်နေပြီး ဒါလေးတောင်မသိဘူးလား.."

ရီပေါ်က...ဆံပင်ဘုတ်သိုက်ကိုတစ်ဗျင်းဗျင်းကုပ်ကာ..မျက်နှာကလဲ..ပုန်းရည်ကြီးလိုမဲပုပ်လာတော့သည် ။ခေါင်းကုပ်လို့အားရသွားမှ..

"အစစ်မလား..၊ ဘာလား..သူ့ဓာတ်ပုံက
အခုတော့မရသေးဘူး..၊ ပိုက်ဆံကဘယ်လိုပေးမှာလဲ..၊သူကအဲ့တာချည်းပဲမေးနေတာ.."

ဟုတ်တယ်လေ..၊ ကိုယ်ကပုံစံပြောင်းပြီးသူ့ Cover လုပ်ရမှာ ၊ မဖြစ်စလောက်လေးနဲ့တော့..လက်ခံစရာလား..??၊

ရှောင်းကျန့်က..ထိုင်နေရာမှထရပ်လိုက်ကာရီပေါ့်ကိုကျောခိုင်းပစ်လိုက်သည်..။အတော်ကြာမှ..ဝုန်းခနဲပြန်လှည့်လာပြီး ပြောလိုက်စကားက...

"အရာအားလုံးကို..ပီပြင်အောင်လုပ်နိုင်ရင်
တိုက်တစ်လုံးပေးမယ်..၊ ဒီအတောအတွင်းငါ့အိမ်မှာ..နေရမှာဆိုတော့..သူဘာပစ္စည်းဝယ်ဝယ် ငါ့ ကတ်နဲ့ရှင်းပေးမယ်.."

ဟန်မဆောင်နိုင်အောင်ပင်..ရီပေါ့်ပါးစပ်ကတစ်ထွာလောက်ဟ..သွားကာ လူကလဲသွေးရူးသွေးတန်းနှင့်..

"တိုက်..တိုက်..တစ်လုံးဟုတ်လား ၊
ဘာဝယ်ဝယ် ရှင်းပေးမယ်ဟုတ်လား.."

ရှောင်းကျန့်က..ခေါင်းငြိမ့်ထောက်ခံကာ.
လက်ညှိုးတစ်ချောင်းထောင်လိုက်ပြီး..

"တစ်ခုတော့ရှိတယ်..၊
သရုပ်ဆောင်တော့ပီပြင်ပလေ့စေ ၊
မဟုတ်ရင်တော့..ငါက..ကတိတည်နိုင်မှာမဟုတ်ဘူး..."

💮"Bunny and Honey"💮{{COMPLETED}}Kde žijí příběhy. Začni objevovat