"ကျေးဇူးနော် Baekhyun"
သူ့နာမည်ကို Sehunမှတ်မိနေတာကြောင့် ထိုကောင်လေး အံ့ဩသွားဟန်။
၂ယောက်တူတူ လျောက်လာရင်း မိုးက ပိုပိုပြီးသဲလာတာကြောင့် ထီးတစ်ချောင်းထဲနဲ့ သူတို့၂ယောက် မလုံတော့။
ထို့အပြင်လေပါ တိုက်နေတော့ ထိုBaekhyunဆိုတဲ့ကောင်လေးက ထီးမလွင့်သွားအောင် မနည်းထိန်းထားရဟန်။
နည်းနည်းလောက် ထပ်လျောက်ပြီးတော့ လေကပိုပြင်းလာတာကြောင့် Baekhyunရဲ့ ထီးက လန်သွားတော့တယ်။
သူတို့၂ယောက်လုံး မြင်နေရတဲ့ အိမ်တစ်အိမ်ရဲ့
တံစပ်မြိတ်အောက် ပြေးလိုက်ကြပြီး မိုးခိုရတော့တယ်။
"ငါ့အိမ်က ဒီလမ်းချိုးလေးတင်ဆိုရင် ရောက်ပြီ၊
မင်းအိမ်က ဝေးလား?"
ထိုကောင်လေးက Sehunဘက်ကို လှည့်ကာမေးသည်။
"ဝေးတယ်။ ရွာအပြင်ဘက်နားမှာ...
မိုးမတိတ်ရင် စာအုပ်တွေပါ ဆိုကုန်မှ။"
Sehun စိတ်ပျက်လက်ပျက်နဲ့ ညည်းငြူတော့
ထိုကောင်လေးက မသိမသာရယ်လေသည်။
ရယ်လိုက်တော့ ပေါ်လာတဲ့ သွားညီညီတန်းတန်းလေးတွေ၊ ပြီးတော့ နှုတ်ခမ်းပေါ်က မှည့်နက်လေး။
ထိုကောင်လေး တကယ် ချစ်စရာကောင်းသည်။
မျက်လုံးလေးတွေကလဲ မွေးကင်းစ ကြောက်ပေါက်လေးတွေလို.. မှေးမှေးလေး။
အတန်းထဲမှာလဲ Sehunနဲ့ မနီးမဝေးမှာ
ထိုင်တာပေမယ့် Sehunဒီလို သေချာမကြည့်မိ။
အတန်းထဲက ကောင်မလေးတွေ တိုးတိုး တိုးတိုး ပြောနေကြသလို ဒီကောင်လေး တကယ်ပင် ချစ်ဖို့ကောင်းသည်။
Sehunထိုကောင်လေး မျက်နှာကို သေချာကြည့်နေတုန်း ကောင်လေးကရုတ်တရက်
Sehunကိုကြည့်လာတာမို့ ရှက်ရှက်နှင့်မျက်နှာလွှဲလိုက်ရသည်။
"အိမ်က အရမ်းဝေးရင် မိုးတိတ်တဲ့ အထိ ငါတို့အိမ်မှာ နေမလား Sehun"
မိုးက ကြည့်လိုက်တာနဲ့ တိတ်မယ့်ပုံ မပေါ်တာကြောင့် Sehunလဲ သဘောတူလိုက်ရင်း
Baekhyun အိမ်လိုက်သွားမိသည်။
သူစိမ်းအိမ်ကို ပုံမှန်ဆို သွားလေ့မရှိပေမယ့်
ဘာကြောင့်မှန်းမသိ Baekhyunကိုတော့ ရင်းနီးနေသလို။
YOU ARE READING
Cat {큰 고양이}
FanfictionSehun x Baekhyun ကြောင်ဆိုးလေး ဆယ်ဟွန်းနီး ကြောင်ဆိုးလေး ဆယ်ဟွန်းနီး
