ရေနွေးစပ်ဖို့ရေချိုးခန်းထဲဝင်သွားတဲ့xiao zhanကိုကြည့်ပြီး yibo နှုတ်ခမ်းထက်၌ဖြစ်တည်လာတဲ့အပြုံးတစ်ခု
ဘာမှမလုပ်ပဲနေနေတာတောင်မှပဲGegeအရမ်းချစ်ဖို့ကောင်းလွန်းနေတယ်
မိနစ်အနည်းငယ်ကြာတော့
"ရေချိုးလို့ရပါပြီ"
"အကျီလာချွတ်ပေး"
"ဟင်!"
"ဘာလဲ..မလုပ်ပေးနိုင်ဘူးလား"
"မဟုတ်ပါဘူး ကျွန်တော် လုပ်နိုင်ပါတယ်"
ကျွန်တော့်အကျီကိုချွတ်ပေးရင်းသူ့လက်ချောင်းလေးတွေက
ကျွန်တော့်ရင်ဘတ်ကိုလာတောကြောင့်ရင်ဘတ်ထဲကအကောင်ကခုန်ပေါက်လို့နေလေပြီ သူ့ဘက်ကိုမသိမသာကြည့်လိုက်တော့ သူကအေးအေးဆေးဆေးပင်ကျွန်တော်အကျီကိုချွတ်ပေးနေသည်
ဘောင်းဘီချွတ်ရမယ့်အချိန်ရောက်တော့သူကကျွန်တော့်ခါးအောက်ပိုင်းကိုသဘတ်နဲ့အရင်ဖုံးပြီးမှဘောင်းဘီကိုချွတ်ပေးသည် အားလုံးချွတ်ပြီးပြီဆိုတာနဲ့သူကတွန်းလှဲကိုရေချိုးခန်းထဲထိတွန်းလာခဲ့သည်ပြီးတာနဲ့အပြင်ကိုမထွက်ဘဲကျွန်တော့်ဆီကိုကုန်းလာတာကြောင့်
"ဘာလုပ်တာလဲ"
"ရေချိုးမယ်ဆိုအဲ့တာကြောင့်ရေချိုးပေးမလို့လေ"
"တော်ပြီ ငါ့ကိုယ်ငါချိုးနိုင်တယ် မင်းကငါဝတ်ရမယ့်အကျီထုတ်ထားပေး"
"တကယ်ရရဲ့လား ဒါဆိုလည်းသခင်လေးရေချိုးကန်ထဲဝင်လို့ရအောင်ကူပေးမယ်လေ ချီပေးဆိုလည်းရပါတယ် ကျွန်တော်သခင်လေးကိုနိုင်တယ်"
"တော်! အပြင်ထွက်တော့ကျန်တာငါ့ကိုယ်ငါဆက်လုပ်မယ်"
ပြောရင်းနားရွက်တွေကောပါးတွေကိုနီရဲလာတဲ့သခင်လေးကိုကြည့် Xiao zhanခမျာရယ်ချင်ပက်ကျိဖြစ်နေသည်
သူရှက်နေတာကို အမလေးယောကျာ်းအချင်းချင်းကိုပဲလာရှက်နေသေးတယ် မင်းမှာရှိတဲ့ဟာနဲ့ငါ့မှာရှိတဲ့ဟာကတူတူပါပဲ
တကယ်တော့yiboကအဲ့တာကြောင့်ရှက်တာမဟုတ်ပဲ Xiao zhanကသူ့ကိုချီဖို့လုပ်နေတာကိုမနေတတ်လို့မျက်နှာရဲသွားဖြစ်သည်
YOU ARE READING
psycho boy(YiZhan)
Fanfiction#wangxiao #wangyibo #xiaozhan Start-5.11.2019 End-15.12.2019
part 2
Start from the beginning