Wang Yibo တို့ကျောင်းသွားရင်မနက်စာဆိုတာ
အပြင်ကဆိုင်တွေမှာလန်ပြန်နေအောင်စားတတ်
တာမျိုး အခုတော့ Jie ပေးသွားတဲ့ငွေကို သူက
အိမ်ထောင်ရှင်မကြီးပုံစံနဲ့ စီမံခန့်ခွဲနေတာကိုသူ
အောင့်သက်သက်နဲ့ငြိမ်ခံနေရတာ ...

အိမ်မှာမနက်စာမစားပဲကျောင်းမသွားရဖူး အပြင်မှာမအိပ်ရဖူး ညနေစာစားချိန်အမှီ ပြန်လာရမယ်
ဒီလူကြီးကလေ အရင်ကလဲတစ်ယောက်ထဲနေလာတာပဲကို လူစုံမှညနေစာစားတတ်ဆိုတာကပါသေး..

သူ့ထက်6နှစ်တောင်ကြီးတဲ့အနှီးယုန်နဲ့အဆင်ပြေအောင်ဘယ်လိုနေရမလဲသူမသိဖူး သူကလွယ်လွယ်နဲ့
ရင်းနှီးတတ်တဲ့လူမဟုတ်တော့အေးစက်စက်နိုင်နေ
မိတာလဲ သူ့ကိုယ်သူသိတယ် ~

ဒါမဲ့Xiao Zhan ကတော့အမြဲအဖိုးကြီးပေါက်စလို
စကားတွေပေါက်ပေါက်ဖောက်ရင်း သူ့ကိုအပြစ်ရှာ
နေတတ်တယ် မထင်ရင်မထင်သလိုလက်ပါတတ်
တာကြောင့်လဲ Yibo ခပ်လန့်လန့် ~ ~ဒါမဲ့ သူကလဲ
ငြိမ်ခံနေတတ်တဲ့အထဲမပါတော့ နှစ်ချက်ရိုက်ရင်
လေးငါးချက်လောက်ပြန်ထုရိုက်လိုက်ရမှ ကျေနပ်တဲ့
လူမျိုး ရှေ့လျှောက်ရန်ပွဲကတော့လှဘီ...အပြင်ထွက် ပီးပြသနာရှာရန်ဖြစ်စရာမလိုပဲ ရန်ဖြစ်ဖို့လူအပိုင်ရ
လိုက်သလိုပဲ ~

တူးနေတဲ့ကြက်ဥကြော်လေးကိုကြည့်ကာ သက်ပြင်းကိုလက်ချိုးမတွက်နိုင်အောင်ချ ပီးမှ စားပွဲမှာဝင်ထိုင် လိုက်ရင်း...

" ကြက်ဥကြော်ကဘယ်လိုဖြစ်ရတာလဲ "

"မင်းကြောင့်လေ...မင်းငါ့ကိုတစ်ခွန်းမကျန်ပြန်ပက်
လို့ဖစ်ရတာ "

"ချီး ~ ခင်ဗျားဟာလေ "

"စားစရာရှိစား မနက်စာပြင်ဆင်ပေးတာနဲ့တင်
ကျေးဇူးတင်သင့်နေဘီ လာဆဲမနေနဲ့ "

ကျောကိုနှစ်ချက်ဆင့်ပီးရိုက်လာတဲ့xiao zhan ကို
မှီသလောက်ပြန်ရိုက်ရင်း သူ့ကိုထပ်မျက်စောင်းထိုး
ပြီး လက်သီးကာပြနေတဲ့ ယုန်ပူးကိုဆက်ကြည့်မ
နေတော့ပဲ...ကိုက်လက်စပေါင်မုန့်တစ်ခြမ်းကိုပါးစပ် ထဲထိုးထည့်ပီး နွားနို့ကိုအတင်းမြိုချ ကာ ကျောင်းကိုသာဦးတည်လိုက်သည်။

You've reached the end of published parts.

⏰ Last updated: Oct 29, 2019 ⏰

Add this story to your Library to get notified about new parts!

COINCIDENTAL LUV ♡.Where stories live. Discover now