ကိုယ့်မှာတော့ သူပေးတဲ့ဒုက္ခတွေနဲ့တစ်နေ့မှ မေ့လို့မရတဲ့ ကျွန်တော့်အမုန်းစာရင်းထိပ်ဆုံးကသူဘဲ သူ့ကိုမုန်းတာ စိတ်နာတာအခုထိ မြင်တာနဲ့ဒေါသထွက်မိနေတုန်း

သူကတော့ အေးဆေးဘဲ ဘေးမှာ မိန်းမတစ်ယောက်နဲ့ စိတ်ချမ်းသာပြီးပျော်နေတဲ့ရုပ်နဲ့ ကိုယ့်မှာတော့ဒေါသတွေ ဒုက္ခတွေနဲ့ မုန်းတယ် မင်းကို မင်းမျက်နှာ ငါ့ရှေ့ဘာလို့ပေါ်လာတာလဲ တစ်သက်လုံးပျောက်နေပါလား အခုဘယ်ကနေထွက်လာတာလဲ

ကျွန်တော်ထိုင်နေရင် ဒေါသဖြစ်နေရအုံးမယ် အဲ့ဒါနဲ့ Toilet သွားရန်ထွက်လာခဲ့လိုက်တယ်..

Yi Aww ခဏလေး ငါ toilet သွာလိုက်အုံးမယ် နင့်ဆီထွက်လာတာ Neckties သေချာမစည်းခဲ့တော့ တမျိုး ဖြစ်နေလို့ သွားစည်းလိုက်အုံးမယ်

"အင်း ကို သွားလေ

ကျွန်တော်သူမကိုပြောပြီးတာနဲ့ Toilet ဘက်ထွက်လာလိုက်တယ်.Toilet ထဲဝင်လိုက်တာနဲ့ လက်ဆေးတဲ့နေရာမှာတွေ့လိုက်တဲ့သူက.

အစ်ကို အစ်ကိုဟုတ်တယ်မှတ်လား

မင်း ဘယ်သူလဲဘာတွေလာပြောနေတာလဲ ငါမသိဘူး

အစ်ကို မလိမ်နဲ့နော် အစ်ကိုဘယ်ရောက်နေတာလဲ ကျွန်တော်အစ်ကို့ကိုလိုက်ရှာတာ နှံ့နေပြီ အခုမှတွေ့တော့ တယ် အစ်ကိုဘယ်မှာနေတာလဲ ဘာတွေလုပ်နေတာလဲ ပြီးတော့ဒီကိုဘယ်လိုရောက်နေတာလဲ

ဒီမှာ ငါမင်းကို မသိဘူး ပြီးတော့ငါ့အကြောင်းတွေကို မင်းကိုဘာလို့ပြောပြရမှာလဲ ငါ့ဘာသာဘာလုပ်လုပ် မင်းနဲ့ဘာဆိုင်လဲ

ကျွန်တော်လဲ သူ့ကိုငြင်းပြီးတာနဲ့ထွက်လာတော့ သူက ကျွန်တော်လက်ကိုလှမ်းဆွဲလိုက်ပြီး.

အစ်ကို ကျွန်တော်လူမမှားဘူး ကျွန်တော်နဲ့မှားယွင်းမိတဲ့လူကိုမမှတ်မိလောက်အောင်မတုံးဘူး

မင်း အဲ့ဒီညကအကြောင်းကို အခုအရသာခံပြီးပြောနေတာလား ဖယ်ပေးငါသွားမယ်

အစ်ကို အခုကျွန်တော့်ကိုပြန်ပြောလိုက်တာက အဲ့နေ့ကအစ်ကိုမှန်းသိအောင် အစ်ကိုကိုယ်တိုင်ပြောလိုက်တာ ဘဲ မဟုတ်ဘူးလား ကျွန်တော်မေးတာဖြေမဖြေရင် မလွှတ်ဘူး

Love Is Accident (Completed)Where stories live. Discover now