[ I ] [ 1 ]

28.3K 937 18
                                    

Unicode

သူများတွေကတော့ သာယာတဲ့မနက်ခင်းလေးက ကိုယ်ချစ်တဲ့သူနဲ့ စတင်ကြပေမဲ့ ဝမ်မာမားအတွက်ကတော့ သူ့သားရိပေါ်ရဲ့ အာပြဲကြီးနဲ့ စတင်ခဲ့ပါတယ်။

"မာမား!!"

"ဘာဖြစ်လို့လဲ သားဝမ်ရ မနက်စောစောစီးစီး အာပြဲကြီးနဲ့အော်မနေနဲ့လေ"

ရိပေါ်ရဲ့ အော်သံကြောင့် ဘေးအိမ်ကလူတွေ အနှောင့်အယှက်ဖြစ်သွားမည်စိုး၍ သူမ သားကိုချော့မော့ပြောမိသည်။

"အော်မှာဘဲဗျာ..ဒါနဲ့ မား ကျွန်တော်အိပ်နေတုန်း..ကျွန်တော့်ဆီ ဘယ်ကောင်လာသွားသေးလဲဟင်"

"ဪ..ခုနက ရှောင်းကျန့်လေးက ငါ့သားလေးကိုလာရှာသွားတယ်..မားက အိပ်နေတုန်းလို့ပြောလိုက်မိတာ"

"ဒါ..ဒါဆို အဲ့ကောင် ကျွန်တော့်ရဲ့စကိတ်ထားတဲ့အခန်းထဲ ဝင်သွားသေးလား မား?"

ရိပေါ်တစ်ယောက် စိတ်ထဲမှမဟုတ်ပါစေနဲ့ လို့ဆုတောင်းရင်း မဝံ့မရဲမေးမိသည်။

"မားလည်း ဟင်းချက်နေလို့ လိုက်မကြည့်လိုက်ဘူးလေ..ဘာဖြစ်လို့လဲ သားလေး?"

"ဟီး..ဘာမှမဟုတ်ပါဘူး မားရာ...ကျီစားတာလို့မှတ်လိုက် မွမွ"

စပ်ဖြီးဖြီးရုပ်ကလေးဖြင့် သူမရဲ့ပါးကို လာမွတဲ့ ရိပေါ်လေးကိုကြည့်ပြီး ဝမ်မာမားပြုံးမိသည်။သားဝမ်လေးက လူပျိုဝင်ခါစမို့ စိတ်ကအမျိုးမျိုးဖြစ်နေတာနေမှာ။

မာမားရှေ့မှာဖြစ်တာကြောင့် မျက်နှာကို အတတ်နိုင်ဆုံး ပြုံးနေရပေမဲ့ ရင်ထဲတွင်ပူလောင်နေတာ ရိပေါ်သာအသိဆုံး။စကိတ်ဆိုတဲ့အရာက သူ့အကြိုက်ဆုံးပစ္စည်းတစ်ခုလေ။

တောက်။
ငါ့စကိတ်တစ်ခုလုံးရဲ့ ဘီးလုံးတွေကို ရစရာမရှိအောင် ဖြုတ်ပစ်သွားတဲ့ ရှောင်းကျန့်။
ငါ့စကိတ်လေးက အသစ်ပြန်ဝယ်လို့ရပေမဲ့လည်း မင်းကို ပြန်ကလဲ့စားချေမှာမို့ စောင့်နေပါ။

××××××××××××××××××××××

ရိပေါ်အိပ်ပျော်နေတုန်း ရိပေါ်ရဲ့အကြိုက်ဆုံးစကိတ်လေးကို ဘီးတွေဖြုတ်ပစ်ရတာ တကယ်ကို အားရလိုက်တာ။မသိရင် အဲ့ဒီမာနကြီးပြီးလူကောင်သေးတဲ့ကောင်ကို အင်္ကျီတွေ ဆွဲချွတ်ပစ်နေရတဲ့အတိုင်း ရှောင်းကျန့်အတွက် အရသာရှိလှသည်။

LOVE Competition [ Complete ]Where stories live. Discover now