Part-14 ဦးရီးတော်ကျန်း ဆူတော့မှာပဲ

Start from the beginning
                                    

"ဒီကိုဘာလာလုပ်တာလဲ သရဲစစ်သူကြီး ဝမ်း နင်?"

ဂျင်းလင်ခါးထောက်လျက်မေးတော့ အသံကျယ်ကျယ်တစ်ခုက ဝမ်နင်းခြေရင်းနားကထွက်လာသည်..။

"ဒီနေရာတစ်ခုလုံး မင်းပိုင်လို့လား ဂျင်းလင်"

ဝမ်နင်း ရပ်နေသည့်နေရာနား ခြုံပုတ်ကိုမှီကာထိုင်နေသော ဖြူဖြူလုံးလုံးလေး ၂ကောင်! စစ်ကျွေး နဲ့ ကျင့်ရီပင်..။

"အာ မင်းတို့နှစ်ကောင်လည်းပါလာတာလား?လာချိန်းတွေ့တာလား"

"ဂျင်းလင်! မင်း မင်း.."ကျင့်ရီ ဂျင်းလင်ကိုလက်ညှိုးငေါက်ငေါက်ထိုးရင်းထရပ်လိုက်တော့ စစ်ကျွေးကပါလိုက်ထသည်..။

"ဂျင်းလင် ငါတို့ကဒီမှာ ဖုတ်သရဲတွေသောင်းကျန်းနေတယ်ဆိုလို့ လာနှိမ်နှင်းတာပါ အထင်မလွဲပါနဲ့"

"အထင်လွဲတယ်ပြောရအောင် မင်းတို့နှစ်ယောက်ကတကယ်ကြ..."

"ဂျင်းလင်! ကျင့်ရီ! တော်တော့!" စစ်ကျွေးတားမှရတော့မည်..သခင်လေးဝမ် ရော ဂျင်းဂိုဏ်းသားတွေရောကိုတော့ ဒီကိစ္စမသိစေချင်..။

စစ်ကျွေးကပဲဆက်ပြီး ဝမ်နင်းဘက်ကိုလှည့်၍..

"သခင်လေးဝမ် ဂျင်းဂိုဏ်းသားတွေကို ခဏစောင့်ကြည့်ပေးပါဦး ကျွန်တော်တို့ အရေးကြီးကိစ္စဆွေးနွေးစရာရှိလို့ ခဏနေပြန်လာခဲ့ပါ့မယ်"

စစ်ကျွေး ဝမ်နင်းကိုမှာပြီးသည်နှင့် ဂျင်းလင် လက်နှင့် ကျင့်ရီလက်ကိုဆွဲကာ ဂျင်းဂိုဏ်းသားများမမြင်နိုင်၊ မကြားနိုင်သည့်နေရာထိဆွဲခေါ်ချသွားတော့သည်..။

"စစ်ကျွေး ."

"အားလင်..အမှန်အတိုင်းဖြေ..ငါ့အပေါ်မှာမေတ္တာရှိလား?"

ဂျင်းလင် ဆိုရန်စကားတို့ဆွံ့အသွားပေတော့သည်..။မဖြစ်နိုင်!စစ်ကျွေးသူ့အားချစ်ရေးဆိုသည်လား..။ပြီးတော့ကျင့်ရီ ရှေ့တွင်ပင်..။လွန်ခဲ့သောလကပင်သူတို့နမ်းနေသည်ကို ဂျင်းလင်ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်ပင်မဟုတ်လား...။

"အားလင် ကိုယ့်ကိုကြည့် ..ကိုယ့်ကိုချစ်လား?"

ဂျင်းလင် အိမ်မက်မက်နေသည်လား..။မယုံနိုင်စွာပင် ကျင့်ရီကိုကြည့်လိုက်တော့ ကျင့်ရီမျက်နှာကပုံမှန်ပင်..

Uncle Jiang will Scold us!Where stories live. Discover now