One

5.5K 318 4
                                    

[Unicode]

"ရှောင်းကျန့်!! "

အိပ်ချင်မူးတူးနဲ့ အမှိုက်ပစ်နေသော ရှောင်းကျန့် လှည့်ကြည့်လိုက်တော့ သူတို့ Dorm ရဲ့ RA ဖြစ်သော Kevin..

"မောနင်း Kevin "

"မောနင်း ပြောစရာရှိတာ အတော်ပဲ.. ဒီနှစ် Fresher တွေ အဆောင်လျှောက်ကြတာ များလို့ မင်းရဲ့ အခန်းမှာ လူထည့်ရတော့မယ် အဆင်ပြေရဲ့လား "

ရှောင်းကျန့်တို့ Dorm က ၂ယောက်ခန်း ၃ယောက်ခန်းတွေ ဖြစ်ပေမယ့် ရှောင်းကျန့်ကတော့ တစ်ယောက်တည်း တစ်ခန်းရထားတာ။ တကယ်တော့ ဒီလို အခွင့်အရေးမျိုးဆိုတာ RA တွေမှ ရတတ်တာ ဖြစ်ပေမယ့် ၃နှစ်ဆက်တိုက် ကျောင်းWebsite ရဲ့ အရှေ့ဆုံးစာမျက်နှာမှာ ဖော်ပြခြင်းခံထားရတဲ့ ရှောင်းကျန့်အတွက်တော့ ပြောစရာမလိုသော ရပိုင်ခွင့်တစ်ခုလို ဖြစ်နေခဲ့သည်။ သူ့အတွက်ကတော့ တစ်ယောက်ပဲနေရနေရ ၂ယောက်ပဲဖြစ်ဖြစ် မထူးဆန်းပါ။ အဖော်တောင်ရသေးတာပေါ့ဆိုပြီး စဉ်းစားလိုက်မိသည်။

"အဆင်ပြေတာပေါ့ မဟုတ်ရင်တောင် ငါတစ်ယောက်တည်း ပျင်းစရာဖြစ်နေတာ "

ရှောင်းကျန့် ထုံးစံအတိုင်း ပြုံးရယ်ရင်း ပြောလိုက်တော့ Kevin ကလည်း အလုံးကြီးကျသွားသည်။ ရှောင်းကျန့်က ငြင်းမယ်ဆိုရင် သူ့အခန်းကို ခွဲပေးနိုင်ရခြေရှိသည်လေ။

"ဒါဆို အိုခေတာပေါ့ ကျောင်းသားသစ်က ဒီညနေလောက်ရောက်မယ် မင်း အခန်းပြန်ရှင်းထားလို့ ရတာပေါ့ "

Kevin ထွက်သွားပြီးနောက် ရှောင်းကျန့်လည်း သူ့အခန်းသူ ပြန်ရှင်းရင်း အချိန်ကုန်နေလိုက်သည်။ ရန်ဖြစ်ပြီးနောက်ပိုင်း ခရီးထွက်သွားသော နာနာ့ကိုလည်း ဖုန်းဆက်စရာမလိုသောကြောင့် ရှောင်းကျန့် အချိန်တွေက အားနေသည် ။တကယ်တော့ ဒီလို ကျောင်းစဖွင့်တဲ့ အချိန်တွေက club activities လည်း သိပ်မရှိသေးဘဲ ပျင်းစရာကောင်းလှသည်။ နောက်နေ့တွေ Club recruitment သွားရင် လိုက်သွားရမယ်ဟု စဉ်းစားရင်း နေ့လည်အတန်းတက်ဖို့ ထွက်လာခဲ့သည် ။

ရှောင်းကျန့်က အခုဆို နောက်ဆုံးနှစ်။ နောက်ဆုံးနှစ်ကျောင်းသားတွေအတော်များများကတော့ ကျောင်းပြီး အလုပ်ရရေးအတွက် အခုတည်းက အလုပ်ရှုပ်နေတတ်ကြပေမယ့် ရှောင်းကျန့်ကတော့ မနှစ်က competition တစ်ခုမှာ ပထမရခဲ့ပြီး Company မှာ အလုပ်ဝင်ရဖို့ စာချုပ်ချုပ်ပြီး ဖြစ်သဖြင့် ပို၍ အေးအေးလူလူ ဖြစ်နေခြင်းလည်း ဖြစ်သည် ။ Photography club ရဲ့ တွဲဖက်တည်ထောင်သူ ဖြစ်သော သူ့အတွက် Club အတွက် အချိန်ပိုရလာခြင်းလည်း ဖြစ်သည် ။

YOU BELONG WITH ME Where stories live. Discover now