21 ရာစုမှာတွေ့ဆုံခြင်း(အပိုင်း 1)

3.3K 182 15
                                    

"လန်ကျန့်...... လန်ကျန့်ရေ.......
လန်ကိုကိုလေးရေ..... လန်ကျန့်?"

"ရှောင်ဖျင်းကော! လန်ကျန့်ကိုတွေ့မိသေးလား"

ပန်းသီးပုစိသည် ဝေ့ရင်းရဲ့မေးသံကြောင့်
​မြက်ခင်းစိမ်းပေါ်က မြက်တစ်ပင်ကိုကိုက်ရင်း မသုံမမှုန့်နှင့် မော်ကြည့်လာခဲ့သည်။

"မတွေ့ဘူးလား? ဟမ်း.....
လန်ကျန့် ငါ့ကိုလဲဘာမှပြောမသွားပါဘူး။"

မနက်ခင်း လန်ကျန့်နဲ့ မနက်စာစားပီးတော့ ရှောင်ဖျင်းကောကို စမ်းချောင်းမှာရေချိုးပေးရင်း အပြင်သွားနေခဲ့တာ နည်းနည်းကြာသွားခဲ့တယ်ထင်တယ်။ ပြန်လာတော့ အိမ်မှာစောင့်နေမယ်ဆိုတဲ့ လန်ကျန့်လဲ မတွေ့တော့ဘူး။
အခု နေခင်းတောင်ရောက်လို့ ထမင်းစားချိန်မှ သူပြန်လာခဲ့မိတယ်ထင်တယ်။

"ဟင်း!!! ပြန်လာမှာပါ
ငါထွက်ရှာရင် ငါနဲ့လမ်းမှာလွဲရင်လွဲသွားနိုင်တယ်"

ဝေ့ရင်းသည် ဘာသာတွေးရင်း အညောင်းအညာဖြေရန် အိပ်ရာထက်တွင်ခြေတစ်ဖက်ထောင်ရင်း လှဲနေလိုက်သည်။

အိပ်ရာထက်တွင် လန်ကျန့်ဆီကရနေကျ စံနံကူးအနံအပြင် တခြားအနံတစ်မျိုးက နှာခေါင်းထဲသို့တိုးဝင်လာခဲ့သည်။

"အမွှေးအိုးဆီက အနံ.... "

.......................................................

ဝါးးးးးးး

"လန်ကျန့်ရေ...... ရေဆာတယ်!"

အင်းးး ငါ အိပ်ပျော်သွားခဲ့တာဘဲ...
မှောင်တောင်မှောင်နေပြီ။

မျက်လုံးပွင့်တော့ သူ့ရှေ့မှာအမှောင်တစ်ခွင်က ကြီးစိုးထားခဲ့သည်။ အလင်းရောင် တစ်ရောင်စိုးစိမျှမခံစားမိဘဲ လက်ဆက်သောလေ တချို့ကိုသာ ခံစားမိခဲ့သည်။

"ဟင်! ဒါ!???? "

ဝေ့ဝူရှန့် အလွန်အံသြမိသွားသည်။
ဘေးဘီကိုလည်း ဝေ့ကြည့်ရင်း သူတွေးလိုက်မိခဲ့သည်။

ဒါ!! ငါအိပ်နေတဲ့နေရာမှ မဟုတ်တာ!!!
လန်ကျန့်နဲ့အိပ်တဲ့ ကုတင်ပေါ်မှာလဲမဟုတ်ဘူး။လန်ကျန့်နဲ့ နေတဲ့ အိမ်ထဲမှာလဲမဟုတ်ဘူး။မြက်ခင်း? မြက်ခင်းပေါ်မှာ?
ဒါဘယ်နေရာလဲ! အနားမှာဘာမှလဲမတွေ့ဘူး

MXTX:shot fic [Change]Where stories live. Discover now