သူမနာကျင်မှုများနဲ့အတူ မျက်လုံးကိုအားယူဖွင့်ကြည့်တော့ ကားက တစ်ဖက်ချောက်ထဲသို့ ဘေးစောင်းနေတာကို သတိထာူမိသွားသည် ။ ရှေ့ခန်းမှ တံခါးပွင့်နေတာကြောင့် ယဉ်မောင်းဦးလေးကြီး ကျသွားပီထင်။ ရုတ်တရက်ရိပေါ်ကို သတိရလိုက်ပြီး....

"သား ရိပေါ် သား..."

"မေမေ "

ရိပေါ်မှာ ရှေ့ခန်း သို့ရောက်နေသောကြောင့် သူမ လန့်သွားပြီး

"သား မလှုပ်နဲ့ မေမေ့ကို လက်လှမ်းပေးလိုက် ဖြေးဖြေး "
ကားလေးက လူလှုပ်လိုက်တာနဲ့ ယိမ်းနေသောကြောင့် သူမ သတိထားနေရသည်။

"သား မင်းဘာမှမဖြစ်စေရဘူး သွား အပေါ်ကိုမေမေတင်ပေးမယ် တစ်ခုခုကိုလှမ်းဆွဲလိုက်နော် ..."

"မေမေကရော "

"သားအပေါ်ရောက်ရင် မေမေလိုက်ခဲ့မယ်နော် "

ရိပေါ်ခေါင်းငြိမ့်ပြလိုက်ပြီး ပွင့်နေသော တံခါးဘေးမှ အပေါ်သို့ ဖြေးဖြေးချင်း တက်သွားသည် ။ အပေါ်ရောက်၍ သူ့အမေကို လက်လှမ်းဆွဲမည်အပြု ကားလေးမှာ သူမ လှုပ်ရှားလိုက်သောကြောင့် မထင်မှတ်ထားသော အဖြစ်အပျက် တစ်ခု ။ ရိပေါ် သူ့အမေလက်ကို မမိလိုက်ပဲ လက်ထဲတွင် ပစ္စည်းတစ်ခုကို ကိုင်မိလိုက်သည်။ ချောက်ထဲကျသွားသောကားကို ကြည့်ပြီး ရိပေါ် သူ့အမေကို အော်ခေါ်ကာ နာကျင်မှုနဲ့အတူ သတ်လစ်သွားခဲ့သည်။ သူတို့နဲ့တိုက်မိတဲ့ကားလေးကတော့ အရှိန်ပြင်းသောကြောင့် ရစရာမရှိ ။ကားထဲတွင် အမျိုးသမီး နှစ်ဦး နဲ့ အမျိုးသားနှစ်ဦး......

Yibo အမှောင်ထဲရောက်နေသလိုခံစားနေရသည်။ နှလုံးခုန်နုန်းတွေလည်း မြန်နေကာ မောဟိုက်နေသည်။ အသံတွေကြားနေရပြီး မျက်လုံးဖွင့်မရ ။ ခေါ်သံတွေ ကြားရသော်လည်း ပြန်ထူး၍မရ ။ ဇောချွေးများလည်းပြန်နေသည်။

"ဒေါက်.. ဒေါက် ဟေး ဝမ်ရိပေါ်.. "

xz တစ်ယောက် yibo ကိုနှိုးနေတာကြာပီဖြစ်သော်လည်း ဘာသံမှမကြားရ ။ တံခါးလည်းလာမဖွင့်ပေးသောကြောင့် စိတ်မရှည်စွာ တံခါးကို ထုရိုက်နေမိသည်။

"ဒုန်း ဒုန်း ဟေ့ ဝမ်ါရိပေါ် အိပ်ချင်ယောင်ဆောင်မနေနဲ့ မင်းကြားတယ်မလား.."

လူဆိုးလေးရဲ့ သက်တော်စောင့် (Completed)Where stories live. Discover now