“ဟား ဟား ဟား… မင်းကငါ့ကိုဟာသတွေလာပြောနေတယ် မင်းကငါ့ကိုချစ်တယ် မင်းကောင်မလေးကရော ဘယ်သွားထားမှာလဲ

မင်းကတွေ့သမျှလူကို ချစ်တယ် လိုက်ပြောနေတာလား ပြီးတော့ တခဏဘဲတွေ့ဖူးတယ့် လူတစ်ယောက်ကို ချစ်တယ်လာပြောနေတာ မင်းရူးနေတာလား ဒါမှမဟုတ် မင်း S E X ကြောင့်လား… ပြော…”

“အစ်ကို ကျွန်တော့်ကို အဲ့လိုမပြောနဲ့ ကျွန်တော်ဘယ်သူနဲ့မှအဲ့လိုကိစ္စတွေ မလုပ်ဖူးဘူး… စိတ်လည်း မဝင်စားဘူး… ကျွန်တော် S E X ချင်မှတော့ ကျွန်တော်နဲ့ညှိစေချင်တဲ့ကောင်မလေးကို လက်ခံလိုက်မှာပေါ့ အခြားသူမဟုတ်ဘဲ အစ်ကိုဖြစ်နေလို့ ကျွန်တော် အဲ့လိုမှားယွင်းခဲ့တာ

အစ်ကိုမှာအခြားသူတွေနဲ့မတူတဲ့ ဆွဲဆောင်မှုရှိနေလို့ဘဲ ပြီးတော့ကောင်မလေးဆိုတာ အမေကိုစေ့စပ်ပေးမှာ ကျွန်တော်စိတ်ဝင်စားတာ ဘာမှမရှိဘူး သူမကိုချစ်လည်းမချစ်ဘူး ကျွန်တော်ချစ်မိတာ အစ်ကိုတစ်ယောက်ဘဲ ရှိတယ်…….”

“မင်း အရေမရ အဖတ်မရတွေလာပြောမနေနဲ့ အချိန်ကုန်တယ် ငါ့မှာ အလုပ်ရှိတယ် မင်းပြောချင်တာ နားထောင်ပြီးသွားပြီ ငါ့ကိုချုပ်ထားတဲ့လက်ကို အခုဖယ်ပေးတော့”

“တခုပြောဖို့ကျန်သေးတယ် Wang Yal ကအစ်ကိုနဲ့ဘယ်လိုသက်ဆိုင်လဲ ကျွန်တော့်ကိုပြော”

“မင်းကဘာလို့ငါ့ personal ကို စပ်စုနေရတာလဲ မင်းနဲ့ဘာဆိုင်လို့လဲ”

“ဆိုင်တယ်လေ အစ်ကိုနဲ့ကျွန်တော်ကဘယ်လောက်ထိ ပတ်သက်ဖူးတဲ့လူလဲဆိုတာအစ်ကိုသိသားနဲ့”

“မင်း…. မင်း… အေးသိချင်ရင်ပြောပြမယ် ငါ့နဲ့ကျေးဇူးရှင်မင်းနဲ့ဘယ်လိုမှ ယှဉ်လို့မရတဲ့သူဘဲ ငါ့ဘဝကြီး ဒုက္ခ မျိုးစုံရောက်တုန်းက သူဘဲကူညီခဲ့တဲ့သူဘဲ....”

“မင်းကို ငါဘာမှ ဒီထက်တော့အသေးစိတ်ရှင်းမပြနိုင်ဘူး အခုလောက်ထိပြောပြတာဘဲ ကျေးဇူးတင် ငါ့ကိုဖယ်ပေးတော့ အစ်ကိုစောင့်နေတော့မှာဘဲ”

“အခုတော့ လွှတ်လိုက်မယ် အစ်ကိုကျွန်တော့်ကို အခုပြောတဲ့အကြောင်းအရာက လိမ်ရင်တော့ အစ်ကို့ကို အပြစ်ပေးရလိမ့်မယ် နောက်မှတွေ့မယ် မောင့်အချစ်လေး”

Love Is Accident (Completed)Where stories live. Discover now