"Daddy ကျွန်တော်ပြောနေတာကြားလား!"

လန့်လိုက်တာဗျာ

"အင်း....ကြား...ကြားတယ်"

"ရုတ်ရုတ် ရုတ်ရုတ်မလုပ်နဲ့ ဆေးသောက်ဆိုသောက်လိုက်!"

"ဟမ် အင်း.အင်း သောက်မယ်"

"လာခဲ့အခုမျက်နှာသွားသစ်မယ်"

ကုတင်ပေါ်ကနေထပြီး ကျွန်တော့်လက်ကိုဆွဲကာ မျက်နှာတူတူသစ်ရန်ပြောလာသောအကောင်ပေါက်

မျက်နှာသစ်ပြီးတော့ ဆေးအတင်းသောက်ခိုင်းနေတာမို့ အခန်းထဲက ဆေးဘူးထဲမှာရှိတဲ့အဖျားကျဆေးကိုဘဲယူသောက်လိုက်တယ်

ညနေကျပိုင်းကျတော့လည်း ဒီကလေးလေးဟာဘယ်လောက်ကို အဖြစ်သည်းလည်းဆိုရင် မပြုတ်တတ်ပြုတ်တတ် ဆန်ပြုတ်ကို ကိုယ်တိုင်ပြုတ်ပေးကာ ယူစားမည်ဆိုတော့လည်း

"Daddy လက်ညောင်းနေမှာစိုးလို့ကျွန်တော်ဘဲခွံကျွေးမယ်" ဟုဆိုကာ ဆန်ပြုတ်ကိုသူ့ရဲ့နှုတ်ခမ်းလေးနဲ့မှုတ်မှုတ်ပြီးကျွေးနေတာများ. နဂိုကတည်းကထော်နေတဲ့နှုတ်ခမ်းက ဆန်ပြုတ်ကိုမှုတ်ပြနေတော့ ပိုပိုထော်ထွက်လာရော.

အခုများနေဘာစားချင်လည်းမေးရင် ဆန်ပြုတ်မဟုတ်ဘဲ သူ့နှုတ်ခမ်းလို့သာပြောလိုက်ချင်တယ်.

ရေချိုးမည်ပြင်ပြန်တော့လည်း

ရေနွေးစပ်ပေးမည်ဟုပြောကာ ရေချိုးခန်းထဲကို လုံးလုံးလေးပြေးဝင်သွားတဲ့ကလေး
ချစ်လိုက်တာဗျာ

တအောင့်နေတော့ ရေချိုးခန်းထဲကထွက်လာတာ

"ရပြီးDaddyခနနေ ချိုးလို့ရပြီး ကျွန်တော်အကုန် လုပ်ပြီးသွားပြီး"

ပြောပြီးထသွားမည်လုပ်နေသော သူ့လက်လေးကို ဆွဲလိုက်တော့

"ဘာလဲ"ဟူသော သဘောဖြင့် ပြူးကြောင်ကြောင်လေးကြည့်လာပြန်သည်

"ကိုယ့်ကိုအဲ့လောက်တောင်ချစ်လား?"

"ဟာဘာတွေမေးနေတာလည်း?"

မေးခွန်းအဆုံးနီတက်လာသောပါးပြင်လေးဟာ အရှက်သည်းနေမှုရဲ့သက်သေပင်

Daddy Min[M.Y.G×P.J.M]✔Where stories live. Discover now