"ဝမ့်ရင်း..... မဆိုးတော့နဲ့ကွာ........~~~~"

လန်ရှီးချန်၏ အသံခပ်ရှရှ ခပ်သြသြ အသံကြောင့် ကျန်းချန် တွန့်သွားကာ မော့ကြည့်လိုက်မိသည်။ ရီဝေသောမျက်လုံးများဖြင့် ကြည့်နေသော လန်ရှီးချန်ကြောင့် ကျန်းချန် ကြောင်သွားကာ 

"ကျွန်တော် ဘယ်တုန်းကဆိုးလို့လဲ ခင်ဗျားသာ..... အု.....အ.........အ............." .လန်ရှီးချန် ကိုယ့်စိတ်ကို ကိုယ်ထိန်းထားသော်လည်း မော့ကြည့်လာသော မျက်လုံးဝိုင်းဝိုင်းလေး နှင့် မိမိ၏သွေးများကြောင့် နီရဲနေသော နှုတ်ခမ်းလေးများက သူ့စိတ်အား ထပ်ဆွလိုက်သောကြောင့် စူပုတ်ကာ ပြောနေသော အနှီကောင်လေး၏နှုတ်ခမ်းများကို သိမ်းပိုက်လိုက်မိသည်။

သူ့နှုတ်ခမ်းပေါ်ရောက်လာသော နူးညံသော နှုတ်ခမ်းတစ်စုံကြောင့် ကျန်းချန် အိမ်မက်များမက်နေသလားပင်ထင်မိသည်။ ခဏသတိလွတ်သွားရာမှ အသိပြန်ဝင်လာသောအချိန်တွင် သူရှိသမျှအားများနှင့် ရုန်းမိသည်။ သို့သော်လည်း အချင်းအနှီးသာ။ 

လန်ရှီးချန် ခင်ဗျားသာ ကျွန်တော့်ကို အဲလိုသာ နမ်းနေ ရင် ကျွန်တော် ခင်ဗျားကို ကျွန်တော့ဘေးနားမှာ တသက်လုံးရှိနေအောင် ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် တစ်ကိုယ်ကောင်းဆန်စွာ ပိုင်ဆိုင်မိအောင် လုပ်တော့မှာ မို့ ကျွန်တော့်ကိုလွှတ်ပေးပါတော့ဗျာ။

 ကျန်းချန်ရဲ့ အသံတိတ်ငိုကြွေးသံကို ကြားသွားသည့်နှယ့် လန်ရှီးချန်သူ့ ရဲ့ အနမ်းများကို ရုတ်သိမ်းသွားသည်။ ကျန်းချန် စိတ်ပျက်သွားကာ စိတ်တင်းပြီးရန်တွေ့ ရန် ခေါင်းမော့လိုက်သော် ........မထင်မှတ်ပဲ နောက်ထပ်တစ်ကြိမ် ကျရောက်လာသည့် အရိုင်းဆန်သော အနမ်းများကိုမူ ကျန်းချန် ပြန်တုံပြန်မိသည်။

လန်ရှီးချန် ခွင့်ပြုချက်မရဘဲ သိမ်းပိုက်မိသည့် နှုတ်ခမ်းများကို ဝမ့်ရင်း စိတ်ဆိုးကာ သူ့အားမုန်းတီးသွား မည်ဆိုးသောကြောင့် လွှတ်ပေးလိုက်မိသော်လည်း မျက်ရည်လေးများဝဲကာ သူ့ကြောင့်နီရဲနေသော နှုတ်ခမ်းများကြောင့်ပင် လန်ရှီးချန်သူ့၏ စိတ်ရိုင်းများကို ထပ်မံ အထိန်းအကွပ်မဲ့ စွာလွှတ်ပေးလိုက်မိသည်။ အချိန် ဘယ်လောက် ကြာသွားသည် မသိ ဝမ့်ရင်း သူ့ကျောပြင်အား အသက်ရူမရ သောကြောင့် ထုသော အခါမှ လွှတ်ပေးလိုက်မိသည်။ 

Is That Love!Where stories live. Discover now