"ကျွန်တော် ..."

"ကျန်းဂိုဏ်းချုပ်ကိုလည်း အတူခေါ်သွားလိုက်အုံး ... သွား"

"ဟုတ်. အဲဒါဆိုရှိးချန် သွားလိုက်ပါအုံးမယ်"

လှစ်ခနဲပျောက်သွားသော ကျောပြင်လေးကိုကြည့်ပြီး လန်ချီရန် တစ်ယောက် လှည့်မကြည့်ဘဲ ပြောလိုက်သည်။

"ဝမ်ကျီ မင်းငါမျက်နှာလိုက်တယ်လို့ထင်လား?" အဖြေကိုပင်မစောင့်ပဲ လန်ချီရန်ဆက်ပြောလိုက်သည်။ " ဝမ်ကျိ မင်းလည်းပြန်နားလိုက်အုံး ဒီတစ်ခါ နျွဲ့  ဂိုဏ်း ကအကြောင်းကြားတာတော့ သူ့ မြို့ ပတ်ဝန်းကျန်မှာ လူတွေပျောက်နေတာ အစရှာ မရလို့ အကူအညီတောင်းတာ အဲ့တော့ မင်းနဲ့ ဝေ့ဝူရှန့်လည်း သွားသင့် ဘယ်လိုမှ အစရှာ မရတာကတော့ သိပ်မရိုးရှင်းဘူးလို့ထင်တယ်"

"ဟုတ်......... ဝမ်ကျီ..... သွားလိုက်ပါ့မယ်"

လန်ချီရန် ထွက်သွားသော ခြေသံ ကို နားထောင်ရင်း သက်ပြင်းဘယ်နှခါချနေမိမှန်း သူမသိ။ တကယ်ဆို မနက်ခင်းစာသင်ချိန် က အိပ်ချိန်အဖြစ်ပြောင်းသွားသည်မှာ တူတော်မောင် ရှီးချန်တစ်ယောက် သူ့ကိုယ်သူ လူမှန်းသူမှန်းမသိအောင် သောက်ပြီးသောင်းကျန်းသည့် ညမှ စခြင်းဖြစ်သည်။ မူးကာ ကျောင်းသားတွေကို  ညဘက်ကြီးနှိုးပြီး အတင်းဓားရေးကျင့်ခိုင်းတယ် ပြီးရင် ဝေ့ဝူရှန်း အခန်းကိုမွေပြီး သူ့ဆီရောက်လာသည်။ 

နောက်နေ့များတွင် မူးလည်း သူ့ဦးလေးဆီပဲ တစိုက်မတ်မတ်သာလာသည်ကတော့ မပျက် ကျောင်းသားများနှင့် ဝေ့ဝူရှန်းကို မနှောင့်ယှက်တော့သော်လည်း ဓားသွားထက်ထက်သော  လန်ရှီးချန်အပြုံးကိုကြောက်သောကြောင့်  ညဘက်ကြီး အစုလိုက်ကြီး ဘယ်သူမှ မပြောရဘဲ ဓားရေးလေ့ကျင့်နေကြသည် တားလို့တောင် မရ။ သူကတော့ ဘယ်အချိန် မီးစမွှေးအုံးမလဲ မသိသည့် တူတော်မောင်ကြောင့် ညဘက်အိပ်မရဘဲ ဇီးကွက်ဖြစ်ကာ မနက် စာသင်ချိန်များတွင် ကျောင်းသားများနှင့် အပြိုင် ငိုက်နေသောကြောင့် အတန်းဖျက်ရန်စီစဉ်လိုက်သော်လည်း လူမြင်ရင်ကျောထဲစိမ့်အောင် ကြောက်ဖို့ကောင်းသော အပြုံးကိုတွေ့ရမှာ စိုးဆိုသောကြောင့် ပေကပ်ကာ အတန်းထဲတွင် ထိုင်ကာ သူ့ရဲ့  အဆူသာခံမည် အပြင်မထွက်ဟု အကြောက်အကန်ငြင်း နေသော ကျောင်းသားများ ကို သနားသောကြောင့် မနက် စာသင်ချိန်မှာ လန်ရှီးချန် ဒဏ်ရှောင် ညဘက်နှိပ်စက်မှုဒဏ် ခံနိုင်ရန် အိပ်စက်အားဖြည့်သည့် အတန်းဖြစ်သွားသည်မှာ ဘယ်နှရက်မှန်းတောင်မသိတော့။ 

Is That Love!Where stories live. Discover now