Chapter 2

7.6K 468 3
                                    

ထောက်​! ​ထောက်​ ! ​ထောက်​ !

စားပွဲ​ခုံ​ပေါ်ကို ​ဘောပင်​နဲ့​ခေါက်​တဲ့အသံကို သူမျက်​စိမှိတ်​ထားရင်းကပင်​ ကြား​နေရသည်။ အဲဒီအသံကလွဲလို့ တခြားအသံမကြားရ​။ စည်းချက်​ညီညီနဲ့ထွက်​လာတဲ့အသံလားရာကို နားစွင့်​​နေရင်းက သူ့မျက်​လုံး​တွေကို ဖြည်းဖြည်းချင်းဖွင့်​လိုက်​သည်။ ​သူမျက်​လုံးပွင့်​လာတာနဲ့ ပထမဆုံးမြင်​လိုက်​ရတာက သူအ​မြင်ချင်​ဆုံးသူတစ်​​ယောက်​။

" နိုးလာပြီလား Zhan Ge။ "

နေ​ရောင်​ကို​​ကျော​ပေးထားကာ အထက်​တန်း​ကျောင်းဝတ်​စုံဝတ်​ထားတဲ့ ​​ကောင်​​လေးက Xiao Zhanကို ပြုံးပြလိုက်​သည်။ တံ​တောင်​ဆစ်​အထိ​ခေါက်​တင်​ထားတဲ့ ​ကျောင်းအကျီ​ပေါ်မှာလည်း ​ချွေးတွေစို့လို့။ Xiao Zhan ​ခေါင်း​ထောင်​လာပြီး သူ့မျက်​လုံးသူမယုံနိုင်​ဖြစ်​​နေသည်။

" Wang YiBo ..... တကယ်​ပဲမင်းအစစ်​လား။ "

Xiao Zhan မတ်​တတ်​ရပ်​လိုက်​ပြီး Wang Yibo ပုခုံးကိုကိုင်​ကာထပ်​​မေးသည်။

" မင်း .... အသက်​ရှင်​​နေတုန်းပဲ​ပေါ့။ "

သူ့အ​မေးကို Wang Yibo နားမလည်​နိုင်​စွာ ပြန်​ကြည့်​ပြီးမှ ဟားတိုက်​ရယ်​ချလိုက်သည်။

" ဟား gegeက ​နောက်​တယ်​ဗျာ။ ကျွန်​​တော်​ဒီတစ်​​နွေလုံး ဖျား​တောင်​မဖျားဘူး။ "
" ဒီနှစ်​ ဘယ်​နခုနှစ်​လဲ။ "
" ၂၀၁၄ခုနှစ်​ ? ဘာလုပ်​ဖို့​မေးတာလဲ။ "

Xiao Zhanရဲ့တစ်​ကိုယ်​လုံး တုန်​ခါလာပြီး Wang Yiboရဲ့ပုခုံး​ပေါ်​ခေါင်းတင်​ကာ သက်​ပြင်းအရှည်​ကြီးချကာ​ပြောသည်။

" ​တော်​​သေးတာ​ပေါ့။ အချိန်​မီလို့။ "
" ဘာကိုအချိန်​မီတာလဲ Zhan Ge "

Xiao Zhan စိတ်​သက်​သာရာရစွာနဲ့ Wang Yiboကိုမှီတွယ်​​နေတာ အချိန်​အ​တော်​ကြာတဲ့အထိပါပဲ။ သူတို့​ဘေးက စားပွဲခုံထက်​မှာ ​ရေးလက်​စသီချင်းစာသား​တွေပါတဲ့ စာရွက်​တချို့ရှိနေသည်။ ဆွဲလက်​စ ပန်းချီကားကလည်း နံရံမှာ​ထောင်​လျက်​သား။ အချိန်​​တွေအားလုံးက အရင်​လိုပဲလည်​ပတ်​​နေသည်။ Xiao Zhanကလွဲလို့​ပေါ့။

SUMMER DREAM - If I Love You , Would It Be Ok ? जहाँ कहानियाँ रहती हैं। अभी खोजें