Part-1 ✖ အမှား✖

444 27 5
                                        

"တီး  တောင် "

"တီး  တောင် တီး  တောင် တီး  တောင် "

Xiao Zhan တစ်ယောက်မှေးခနဲအိပ်ပျော်ခါနီးမှ အိမ်ရှေ့မှ bell တီးသံကြောင့် လန့်နိုးလာရသည်

ညနေ 6 နာရီ company မှပြန်ရောက်ကတည်းကစောင့်နေခဲ့သော bell သံသည် ည 2 နာရီမှမြည်လာသည်

XiaoZhan တစ်ယောက်သက်ပြင်းအသာချရင်း အိမ်တံခါးဆီသို့် ခြေလှမ်းကြဲများဖြင့် လှမ်းရတော့သည်

တံခါးဖွင့်လိုက်သည်နှင့်  ပြင်းရှသော အရက်နံ့
ကဦးစွာဆီးကြို၏
မွှန်ထူနေသော အနံ့များနှင့်အတူ ရင်ခွင်ထဲသို့ပြိုလဲလာသော သူ၏မြတ်နိုးလှစွာသော
အသည်းအသက်ကလေး YiBo

ထိုအသက်ကလေးကတော့ ရင်ခွင်ထဲမှနေ၍ ရန်သူတစ်ယောက်အားမြင်ရသလိုအကြည့်မျိုးဖြင့် အမုန်းစကားစတင်ပြောဆိုတော့သည်

"ကြာလှချည်လား တံခါးလာဖွင့်တာက ဘယ်နားသွားသေနေလို့လဲ"

"မင်း password မှတ်မိမယ်ထင်နေတာ ပြီးတော့ကိုယ်စောင့်နေသေး..."

XiaoZhan စကားပင်မဆုံးလိုက်

"တိတ်စမ်းဗျာ အပိုတွေ.....လက်တွေဖယ်
ကိုယ့်ဘာသာသွားတတ်တယ်"

"ငါထိန်းပေးပါ့မယ် အပေါ်တက်ရမှာလေ"

"အဲ Password က မှတ်မိရင်တောင်လုံးဝမနှိပ်ဘူး ခင်ဗျားကိုအိပ်ရေးပျက်အောင်လုပ်ရတာကိုက အရသာ.....ဟားဟား"

ပါးစပ်ဟသည်နှင့် မိမိ အား
အဆိပ်သင့်စေမည့်စကားကိုသာရွေးပြောတတ်သော YiBo အား XiaoXhan မချီးကျူးပဲမနေနိုင်

ဤအခြင်းအရာ ဤအပြုအမူများနှင့် မည်သို့ပင်ကျင့်သားရနေကာမူ YiBo ကစေတနာကိုစော်ကားတိုင်း XiaoZhan မှာ နာကျင်မြဲ နာကျင်ဆဲ ဝဲဘက်ရင်အုံက အောင့်ဆဲပင်

ဘယ်တော့များမှကိုယ့်အချစ်တွေကိုနားလည်တတ်မှာလဲကောင်လေးရာ.........

⏩⏩⏩

မနက်သို့ရောက်သော် ပုံမှန်အတိုင်းပင် XiaoZhan မှ စောစီးစွာနိုးလာပြန်သည်
မျက်လုံးများအားပွတ်သပ်ကာ ဘေးသို့ကြည့်လိုက်တော့ သူ့အားကျောခိုင်းကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေဆဲသူ့ရဲ့ဗီတာမင်လေး

Ai ajuns la finalul capitolelor publicate.

⏰ Ultima actualizare: Feb 24, 2020 ⏰

Adaugă această povestire la Biblioteca ta pentru a primi notificări despre capitolele noi!

What If Love💙❤Povești de care să fii obsedat. Descoperă acum