ထို့ အပြင်ပုတ်သင်ညို ခေါင်းညိတ်လုပ်ပြီး ငါးစိမ်းမြင်ငါးကင်ပစ်နေသော မိမိတူတော်မောင် ၏မျက်နှာ အမှုအရာတွေ့ လိုက်သော အခါ ကျန်းချန် သည် ဒေါသမထွက်ရန်ထိန်းထားသမျှစိတ်များ ကြက်ပျောက်ငှက်ပျောက်ပျောက်ကာ ဝေ့ဝူရှန်းအား ဇီထျန်းနှင့် အားရပါးရ လိုက်ရိုက်ပါတော့သည်။

ထိုအခြေအနေ ကိုကြည့်နေသောလန်ကျန့် သည် မိမိ ဘေးနားတွင် ပြုံးနေသော လန်ရှီးချန်းအား တချက်ကြည့် ၍ အစ်ကို ..

ဝမ့်ကျီး အစ်ကို တကယ်အဆင်ပြေသွားပြီး မယုံရင် ဝမ့်ကျီးသေချာကြည့်ကြည့်လေ~~

လန်ဝမ်ကျီ အံသြသွားသည် လန်ရှီးချန်၏မျက်လုံးထဲတွင် ထိုနေ့ တုန်းကလို အသက်မဲ့ နေ သော အရိပ်အသက်မတွေ့ ရ သူ၏ငယ်ငယ်ကတည်းကတွေ့ ရသော ကြင်နာတတ်သော မျက်ဝန်းများတဖန်နေရာယူနေသည်။

ပြုံးနေသောလန်ရှီးချန်အားကြည့်ရ လန်ဝမ့်ကျိ တခုခုပြောင်းလဲသွားသည် သို့ သော်လည်း သေချာ မထောက်ပြနိုင်......

လန်ကျန့် !လန်ကျန်!့  ကျန်းဂိုဏ်းချုပ် က နှိပ်စက်နေလို့ လန်ကျန့် ရေ ကယ်ပါအုံး!

ဝေ့ဝူရှန့်  မင်းသတိရှိရင် အကူမခေါ်နဲ့ လေ ကျန်းချန်ငါက အကူခေါ်တာမဟုတ်ဘူး ငါ အားရှိသွားအောင် ငါ့ အားဆေးလေးဘေးခေါ်လိုက်တာ

မင်း! မင်း! မင်း!

ကျန်းချန် မင်းကိုကူမယ့်သူရှိရင် ခေါ်လိုက်လေ~~~~

ဝေ့ ဝူရှန်းစကားအဆုံး မိမိ၏တူတော်မောင် က လန်စစ်ကျွေးအားစကားပြောကာမိမိအားမမြင်သလိုလုပ်နေသည်။ ဂိုဏ်းသားများကလည်း ဝမ်နင်းနှင့် အတူ ကြာခူးနေသည်မှာ အဖတ်ပင်မလုပ်ကြ။

ကျန်းချန်၏မျက်နှာသည် ဂျိုးကပ်နေသောအိုးထပ်ပင်မည်းလာကာ"ဘယ်သူပြောလဲကူမယ့်သူမရှိဘူးလို့ " ဟုဆိုကာ ဘာမပြောညာမပြော  မိမိနားဖြတ်သွား သူ၏လက်အားဆွဲကာ ကြာကန်နားခေါ်လာသည်။

 ဝေ့ဝူရှန်း၊ ကလေးတသိုက်နှင့် ကျန်းဂိုဏ်းသားများသည် ဇယ်ဝူကျွင်းလက်ဆွဲထားပြီး သူတို့ အားမေးခွန်းထုတ်နေသော ကျန်းချန်အား အံ့သြတကြီးပင်ပြူးကြည့်နေမိသည်။

Is That Love!Onde histórias criam vida. Descubra agora