Our Team Should Win! 2

3.2K 119 11
                                    

"လန်​ကျင်းရီ!!မင်းဘယ်​လိုလုပ်​လိုက်​တာလဲ..."

"ငါ....ငါလဲမသိဘူး​လေကွာ...ဒီတိုင်းပဲပစ်​လိုက်​တာ​လေ...."

လန်​စီ​ကျွေး၏အ​မေးကိုလန်​ကျင်းရီတ​ယောက်​အထစ်​ထစ်​အ​ငေါ့​ငေါ့နှင့်​​ဖြေ၏....တခြားမဟုတ်​စိတ်​ဆက်​ကာမထင်​ရင်​မထင်​သလိုဇီထျန့်​စာ​ကျွေးတတ်​​သောကျန်းဂိုဏ်းချုပ်​၏မျက်​နှာထားကတင်းမာသတက်​တင်းမာ​နေ​သော​ကြောင့်​ဖြစ်​သည်​....

"အားလင်​....အားလင်​...."

လန်​စီ​ကျွေးတ​ယောက်​လဲ​နေ​သောကျင်းလင်​နားထိုင်​ချကာပုခုံးကိုလှုပ်​ယမ်းကာ​ခေါ်ကြည့်​​နေ၏.....

"ဝမ်းနင်​....ကျင်းလင်​ဘာဖြစ်​သွားတာလဲ...."

"ဘာမှ​တောကြီးကြီးမားမားမဖစ်​ပါဘူး...​ဘောလုံးအရှိန်​​ကြောင့်​မူးသွားတာဖြစ်​မယ်​...."

သူ့အ​မေးကိုကျင်းလင်​​ခေါင်းအား​ရေ​နွေးဝတ်​ကပ်​​ပေး​နေရင်းမှ​ဝမ်းနင်​ကပြန်​​ဖြေလာ၏...သူထိုစကားကို​ခေါင်းတညိမ့်​ညိမ့်​လုပ်​ရင်းနား​ထောင်​​နေချန်​သူ​ရှေ့သို့ကမ်း​ပေးလာ​သော​ရေ​နွေးခွက်​တခွက်​......သူ​မော့ကြည့်​မိ​တော့မြင့်​မားသွယ်​လျ​သောအရပ်​အ​မောင်းနှင့်​အတူမြ​စိမ်း​ရောင်​မျက်​ဖန်​များဖြင့်​သူ့အားငုံ့မိုးကြည့်​​နေ​သောမျက်​နှာ​ချော​ချော.....သူထို​ရေ​နွေးခွက်​အားယူကာ​သောက်​​လောက်​​တော့...

"လိုချင်​​သေးလား...."

မေးခွန်းခပ်​တိုတိုကိုသာဆိုရင်း​ရေ​နွေးခရားကိုမကာထပ်​​လောင်းငဲ့​နေသည်​မို့....

"လန့်​ကျန်​....​တော်​ပြီ...ငါ​ရေသိပ်​မဆာ​သေးဘူး..."

သူလက်​ကာ​ခြေကာငြင်းကာမှသူ့ဆီသို့အကြည့်​တစ်​ချက်​ပို့ကာလက်​ဖက်​ရည်​အိုးကိုစားပွဲ​ပေါ်ပြန်​ချလိုက်​​တော့သည်​....

"လန်​ကျင်းရီ!!!မင်းတမင်​သက်​သက်​လုပ်​တာမလား....ငါသိတယ်​....မင်းတို့အသင်းရှုံးမှာစိုးလို့သက်​သက်​ကလိန်​စိညဏ်​ဆင်​​နေတာမလား.."

One Short From MDZSWhere stories live. Discover now