ဝမ်ရိပေါ်က ခပ်ဆိုးဆိုးလေး။
မိသားစုနောက်ခံကတောင့်တင်းသလို သူကိုယ်တိုင်ကလည်း ရွှေရောင်တောက်နေတဲ့အနာဂတ်နဲ့ လူငယ်ကလေး။ စိတ်ကြီးဝင် ဘဝင်မြင့်ပြီးသောက်ကြောတင်းနေတာလေးကလွဲရင် ဝမ်ရိပေါ်ဟာလူကောင်းကလေးလို့ထင်ခဲ့တာ။သူ့မှာစိတ်တူကိုယ်တူသူငယ်ချင်းရှားတယ်။ မရှိတာတော့မဟုတ်ဖူး ရှားတာ။ ဆိုလိုတာက ဝမ်ရိပေါ်ဟာ အမြဲတမ်းတစ်ယောက်တည်းဖြစ်နေတတ်တယ်။ လူစုံပြီဆိုလည်းတရုန်းရုန်းပဲ။ လီကျန့်က သူ့ဆိုင်ကယ်ဖင်မြီးကို သွားခြစ်မိတာ။ အမှန်ဆို သူ့အဖေရဲ့ လက်ထောက်တစ်ယောက်ကို ဒီလိုတုံ့ပြန်တာတော့လွန်လွန်းတယ်မဟုတ်လား။ ပြီးတော့ ထိခိုက်မိကြတာကနှစ်ယောက်လုံးပဲ။ သူကတောင်ပိုပြီးနစ်နာသေးတယ်။ ကားနောက်မီးမှာ.အစင်းကြောင်းကြီး။ ပြီးတော့မှန်နှစ်ချပ်လည်းခွဲခံလိုက်ရသေးတယ်။ ဒီရွှေပေါ်မြတင်ကျောက်စိမ်းတုံးလေးရဲ့ မိတ္တဗလမဏ္ဍိုင်ကတော့ အနှုတ်ဘက်ကို တစ်ဝက်လောက်ရောက်တယ်။
အေးရော...သက်ပြင်းချတာကလွဲ သူဘာလုပ်နိုင်မှာတုန်း။
.........
ဘာကြီးလဲ။
ခေါင်းပေါ်မှာဆောင်းထားတဲ့ ဦးထုပ်ကနေကျနေတဲ့ ကြိုးနှစ်ဖက်ကိုဆွဲရင်း ရှောင်းကျန့်ရေရွတ်လိုက်တယ်။ သူ့စက်ဘီးရှေ့ ဘာကြီးလာပိတ်နေတာလဲ။
လက်တစ်ဖက်ထဲမှာ ဝယ်လာသော ခေါက်ဆွဲထုပ်တွေ။ အိတ်ထဲ အပြည့်အသိပ်စာရွက်ဖိုင်တွေနဲ့ ငိုချင်သွားတယ်။
ဒါကိုငါက အိုက်အီးယား..ဆိုပြီး မြောက်ဖယ်ပစ်လိုက်ရမလား။ ဘယ်လူဆိုးက ငါ့စိတ်ဘီးရှေ့လာပိတ်ရပ်သွားတာတုန်းကွ။
ကားနှစ်စီးကြားညှပ်နေပြီး ဆိုင်ကယ်ကပါပိတ်ခံထားရသော သူ့စက်ဘီးက သနားစရာလူဆိုးတွေလက်ထဲက မိန်းမပျိုလေးကျလို့။
-ီးပဲ။
ဆိုင်ကယ်ကသော့ခတ်ထားပေမဲ့ တွန်းလို့တော့ရတာပဲ။
အင်း ဇက်ကြီးလိမ်နေတာကို ဘယ်လိုတွန်းရမလဲဆိုတာလေးသူသိရင်ပေါ့။
အနည်းငယ်အားစိုက်အပြီးမှာ လမ်းကြောင်းနည်းနည်းလေးပွင့်လာသည်။
YOU ARE READING
Behind my eyes [Completed!]
Fanfictionတစ်ချိန်တုန်းက ခရီးလွန်နေတဲ့ ယုန်ကလေးတစ်ကောင်ရှိတယ်။ Inspire by Fanmade Video WangYiBo×XiaoZhan