စာစဉ် ၁၀ ( ၁၅ + ၁၆ )
En başından başla
တခနလောက် တိတ်ကျသွားပြီးနောက်၊ အော်ဟစ်လာပါသည့် ကျောက်တရုန်။ “မင်း ငါ့ကို အရူးများ မှတ်နေလားကွ။
မင်းကို ဟန်ရှန်းယွီက လွှတ်လိုက်တာ၊ ဟုတ်တယ်မလား”
ငါ အမှန်တရားကို ထုတ်ပြောပြလိုက်ရင် ငွေတစ်ပြားမှမရတော့ရုံတင် မဟုတ်ဘဲ နောက်ထပ်နာမည်တစ်ခုပါ ထပ်ရသွားဦးမှာပေါ့။
ငါ ရူးနေမှပဲ အဲဒါကို လုပ်မိလိမ့်မယ်။
ကျောက်တရုန်ရဲ့ဒေါသတကြီးသံကို ကြားလိုက်ရသော်လည်း၊ တစ်ဖက်မှ ဖုန်းခေါ်လာသူသည် ဆက်လက်တည်ငြိမ်လို့နေပြီး တည်ငြိမ်စွာဖြင့်ပင် ပြန်ပြောလာပါ၏။ “ဦးကြီး ကျောက်၊
ခင်ဗျားက ရူးနေတဲ့သူပဲ ။ ဒီအချိန်ထိရောက်လာတာတောင်မှ လျော်ကြေးငွေရဦးမယ်လို့များ ထင်နေသေးတာလား၊ ဟမ်”
အရင်တုန်းက ကမ္ဘာကနေ ခင်ဗျားကို ငွေနဲ့ ညှိနှိုင်းလာတယ်ဆိုတာက  ဒီကိစ္စကို တရားရုံးအထိ မရောက်သွားစေချင်လို့ဘဲ။ အဲဒါကလည်း လူထုရဲ့ဖိအားတွေ ရှိလာနိုင်တာကြောင့်မို့လို့။ ဒီကိစ္စသာ အောက်ကို ထိုးကျသွားခဲ့ရင် ကုမ္ပဏီရဲ့အကျိုးကိုပါ အများကြီး ဆုတ်ယုတ်သွား စေမှာကို သူတို့တွေ စိုးရိမ်မိကြလို့ပဲ။
ဒါပေမယ့် အခုကျတော့ အားလုံး ခြားနားသွားပြီ။ လူထုက ဟနှ်ရှန်းယွီ ဘက်မှာ ရှိနေကြပြီ။ ဒီတော့ ကမ္ဘာအနေနဲ့ လူထုအမြင်ကို ဘာမှထပ်ပြီး ဂရုစိုက်နေစရာမလိုတော့ဘူး။ ခင်ဗျား ပြခဲ့တဲ့ အထောက်အထားတွေ ဆိုတာကလည်း ခင်ဗျားကိုယ်တိုင်လည်း သိနေပြီးသားပါဗျာ။ ဒါတွေက တရားရုံးမှာတော့ အမှုရင်ဆိုင်ဖို့တောင်အဆင့်မမီဘူးဗျ။ ဟန်ရှန်းယွီ ကလည်း သူ့ကို စွပ်စွဲထားတဲ့ရာဇ၀တ်မှုတွေနဲ့ အပြစ်ကျမှာမဟုတ်ဘူး”
ဖုန်းခေါ်ဆိုလာသူသည် တခနလောက် ရပ်တန့်သွားပြီးနောက်၊ ဆက်ပြောလာပါသည်။ “နောက်ဆုံးအကြိမ်တုန်းက ခင်ဗျားက အကြောက်အလန့်မရှိ လုပ်ရဲမှာပေါ့။ ဘာလို့လဲဆိုတော့ တစ်လောကလုံးက ခင်ဗျားရဲ့ဘက်မှာ ရှိနေကြတာကိုး။
ဒါပေမယ့်၊ အခုကျတော့၊ ကျွတ်စ်…
ခင်ဗျား အခု အမှန်အတိုင်း ထုတ်ပြောပြလိုက်မယ်ဆိုရင် မီဒီယာတွေက ခင်ဗျားရဲ့လျို့ဝှက်ချက်တွေကို ထပ်ပြီးတူးဆွလာကြလိမ့်မှာမဟုတ်ဘူး။ ဒါဆို ခင်ဗျားရဲ့ဘ၀ကလည်း ရက်နဲနဲလေးအတွင်းမှာပဲ အရင်လိုပုံမှန် ပြန်ဖြစ်သွားလိမ့်မယ်။