♠မာယာလှည့်ကွက်♠ Part 31

Magsimula sa umpisa
                                    

'' အင်းးး Porတို့ရဲ့ ပေါ့ဆမှုကြောင့် သားငယ်လေးOonကို ပျောက်သွားခဲ့တာ… Por တို့ အမှားတွေပါ Porတောင်းပန်ပါတယ် သားရယ် ''

မျက်ရည်တွေကျကာ လက်အုပ်ချီပြောဆိုနေသူ၏ လက်တွေကို ဆုပ်ကိုင်ရင်း သူ ဘာပြောရမှန်းကို မသိတော့။ Arthit သူကိုယ်တိုင် ဒုက္ခပေးမိသည်က သူ့ညီလေး ဖြစ်နေတယ်တဲ့လား။

'' လွန်ခဲ့တဲ့ နှစ် ၂၀လောက်က Porတို့မိသားစု ကစားကွင်း သွားလည်ရင်း ပျောက်သွားခဲ့တဲ့ သားငယ်လေးကို ဘယ်လိုရှာရှာ မတွေ့ခဲ့ဘူး။ မင်းMaeလည်း မင်းစိတ်နဲ့ပဲ ဆုံးသွားရှာတာလေ နောက်ဆုံး သားငယ်လေးကို ဆုံးသွားပြီလို့ သတ်မှတ်ခဲ့တာ~ အခုတော့ နှစ် ၂၀ကြာပြီးမှ ကံကြမ္မာအလှည့်အပြောင်းက သားတို့ကို ဒီလို ပေးဆုံစေခဲ့တာတဲ့လား ''

စကားရှည်သွားသဖြင့် မောသွားဟန် ခဏရပ်ကာ အသက်ပြင်းပြင်းရှုနေသူကို Arthit ဘေးနားက ရေခွက်ကို ကမ်းပေးလိုက်သည်။ ရုပ်တူသော်လည်း Oonတွင် Mama ရှိနေသည်မို့ အမြွှာဟု မတွေးခဲ့မိတာတော့ အသေအချာ။ သူကိုယ်တိုင် ရှန်ဟိုင်းအိမ်တွင် Mamaနှင့် Oon ငယ်စဉ်က ပုံတွေကို တွေ့ဖူးခဲ့သည်လေ။ လူတူမရှား နာမည်တူမရှားဆိုသည့် စကားကလည်း ရှိသေးတယ်မဟုတ်ပါလား။

'' သားတို့က ဒီတိုင်း တူရုံလောက်ပဲ ထင်ခဲ့တာ ဒါဆို Oonက… သြ Arthitက ကျွန်တော့်အစ်ကိုပေါ့ ''

'' အင်းး အဲ့ဒါလည်း Por အမှားတွေပါ၊ သားငယ်လေး ပျောက်သွားတော့ သားကြီးကလည်း အပြင်းဖျားပြီး သားငယ်လေးကို မေ့သွားခဲ့တယ်။ အဲ့ဒီအချိန် သားMaeစိတ်ကျန်းမာရေး အခြေအနေမကောင်းဘဲ သားကြီးကို သားငယ်လေးနာမည်ပဲ ခေါ်နေခဲ့တော့ Porလည်း သားကြီးကို Arthitနာမည်နဲ့ပဲ ကျောင်းအပ်ခဲ့မိပြီး အဲ့နာမည်ကို သုံးစေခဲ့တယ် ''

'' ဗျာ ဒါ… ဒါဆို … ''

'' အင်း ဟုတ်တယ် တကယ်တော့ Arthitဆိုတာ Oonလေးရဲ့ နာမည်အရင်းပါ… သားကြီးနာမည်အရင်းက Kyangလေ~ သားတို့မွေးတုန်းက လနဲ့နေဆိုတဲ့ အဓိပ္ပာယ်နဲ့ ပေးခဲ့ကြတာ ''

'' အဲ့ဒါကြောင့် Por ခုနက Arthitက Oonပဲလို့ ပြောတာကိုးးး ''

'' ဟုတ်တယ် Porလေ… မယ်မယ်ကြီးကိုကော သားKongကိုကကော ရှင်းပြပေးပါ့မယ် ပြီးတော့ သားကြီးကိုကောပဲ တောင်းပန်ပါ့မယ်… အဲ့ဒါ Porကို Arthit… မဟုတ်ဖူး Kyangလေးကို ပြန်ရှာပေးပါ သားရယ်နော် သူ့ခမျာ တစ်သက်လုံး မိဘတွေ အလိုကျ သားငယ်လေးဘဝနဲ့ နေလာပေးရတာ~ Porတို့အတ္တတွေအတွက် ပြန်ပေးဆပ်ရမယ် ဟုတ်တယ် ဟုတ်တယ် ''

♠ မာယာလှည့်ကွက် ♠ [Z & U]Tahanan ng mga kuwento. Tumuklas ngayon