ငါကသူ့ဆရာ-17

Start from the beginning
                                    

"ဆရာက ငါ့ကို ဝိဉာဉ်ချုပ်တဲ့ ပညာရပ်စာအုပ် ယူခိုင်းလိုက်တာ၊ ပြီးတော့ ယိုဟွားတောင် အခြေအနေကို သိချင်နေတာ"

"လောင်တက သခင်ရဲ့တပည့်အကြီးဆုံးပဲ၊ ဒါပေမယ့် အစွမ်းဆုံးတပည့်တော့ မဟုတ်ဘူး၊ နှစ်လေးရာလောက် သင်ယူထားတာတောင်မှ သခင့်ဆီကနေ သင်ယူတတ်မြောက်မှုက သိပ်ပြီးတော့ နှေးကွေးလွန်းတယ်"

"ယိုဟွားမှာ အပြင်ဆောင် စာသင်သားတွေ တိုးပွားနေတာပဲ"

ဘယ်သူတွေ ယိုဟွားမှာ ရှိနေတာလဲ ဆိုတာကို တောင်တစ်ခုလုံးကို သူ့စိတ်ဝိဉာဉ်ဖြန့်ကျက်လိုက်ရုံနဲ့ သူသိနိုင်တယ်။

"လောင်တက အတွင်းဆောင် တပည့်ထဲမှာ မိစ္ဆာမငယ်ငယ်လေးကိုတောင် ထားထားသေးတာပဲ"

"အင်း ဟုတ်တယ်၊ ဒါပေမယ့် အဲ့တစ်ယောက်ကို ဒေါ်လေးက ခေါ်လာတာ ဆိုတော့ သူ ငြင်းရခက်မယ်လေ"

"လာပြန်ပြီ ယိုအယ်ပဲလား"

"သူမက စာကြည့်တိုက်ထဲကို ဝင်ချင်သေးတာ၊ ဒီလောက်မလွယ်ဘူးလေ"

"ငါဝင်မှ ဖြစ်မယ်"

"မင်းကိုတော့ ငါ တားလို့ မရမှန်းသိတယ်၊ ပြီးတော့ သခင်က နေမကောင်းဘူးလား၊ ဘာလို့ မင်းနဲ့သခင်က ဒီလောက်နီးစပ်နေတာလဲ၊ သခင်ရဲ့ကိုယ်နံ့တောင် မင်းဆီကနေ ရနေတယ်"

အဲ့ဒီစကားကိုတော့ သူ ကျေနပ်စွာ ပြုံးမိတယ်။

"ယိုဟွားမှာ ပြောင်းလဲမှုတွေ အများကြီး ရှိနေလား"

သူ စာကြည့်ဆောင်ထဲကို ဝင်လိုက်ပြီးမှ မေးတော့ သူမက ခေါင်းညိတ်တယ်။

"ပြောင်းလဲမှုတွေက သိပ်များလွန်းတော့ မှတ်ရတောင် ခက်သေးတယ်၊ စာသင်သားငယ်ငယ်တွေက ဒေါ်လေးလက်ကနေ မလွတ်ကင်းနိုင်ဘူး၊ ဒေါ်လေးက မိစ္ဆာတစ်ဦးဆိုပေမယ့် အရင်တုန်းက မိစ္ဆာကျင့်စဉ်ကို မကျင့်ဘူး၊ အခုတော့ ကျင့်တယ်၊ ဒါကို ငါက သိနေပေမယ့် မပြောပြနိုင်ဘူး၊ ငါ့တာဝန်က စာကြည့်တိုက်ကို စောင့်ပေးဖို့ပဲလေ၊ ငါရှိနေသ၍ သခင်ခွင့်မပြုထားတဲ့ ဘယ်သူ့ကိုမဆို ငါ ဒီအထဲကို ခြေတစ်လှမ်းတောင် မချစေရဘူး"

"ကောင်းတယ်၊ အရမ်းကောင်းတယ်"

"တစ်ခါတစ်လေ ငါလည်း သိပ်ပျင်းတာပဲ"

ငါက သူ့ဆရာWhere stories live. Discover now