"ဘာဖြစ်လို့လည်း..."

"ငါ မင်းကို ချစ်တယ်...မင်း မုန်းမှာ ကြောက်တယ်....မင်းကို လိုအပ်တယ်ကွာ...."

"ဟား..ဟား...ဂျွမ်းထိုးသေလိုက် မိုး....မင်း က တစ်ချိန်တုန်းက အတိုင်းပဲ ဘာမှ မပြောင်းလဲဘူး သိလား..."

"ဟင်...."

မော် စိတ်ထဲရှိတာ ပြောလိုက်ပြီးမှ နှုတ်ခမ်းကိုက်ကာ ကိုယ့်ကိုယ်ကို ဒေါသထွက်ရင်း ထုရိုက်ပစ်ချင်လာသည်..။

ဒီစကားကြောင့် သူ က တစ်မျိုး ထင်သွားနိုင်သည်..။

သူ့အကြောင်းတွေ မမေ့သေးဘူး ဆိုတာမျိုး..။

သူ့ရဲ့ အပြစ်ကြောင့် အခုလို တုန့်ပြန်နေတယ် ဆိုတာမျိုး..။

အိုး...သူ့စိတ်က ပုံမှန်မှ မဟုတ်တာ...တခြားသူတွေ တွေးသလို သူ ဘယ်တော့မှ မတွေးတက်ဘူး...။

အမြဲတမ်း တစ်ဖက်သားရဲ့ စိတ်ကို ဆန့်ကျင်ဘက်ပဲ မြင်တက်တာလေ...။

"တစ်ချိန်တုန်းက...ဆိုတာ.....မင်းပြောချင်တာ.."

"ထားလိုက်....အခု ဘာပြောဦးမလည်း...ငါမအားဘူး..."

"မင်း အားပါတယ်ကွာ...အိမ်မှာ...အိမ်မှာတောင် အခန်းထဲ အောင်းပြီး ဖုန်းနှိပ်နေမှာ ငါသိတယ်... ဖုန်းမနှိပ်ရင်လည်း...မနေ့က အိပ်ရေးပျက်လို့ အိပ်နေတာပဲ နေမှာပေါ့..."

မော် မနေ့ည က အိပ်မပျော်တာလည်း သူကြိုတင်သိနေပြီး အိပ်ရေးပျက်လို့ နေ့ခင်း ပြန်အိပ်မှာလည်း သူသိနေပြန်သည်..။

တစ်ခါတလေ မော့်ကို နားလည်ပေမဲ့ မော့်ရဲ့ နှလုံးသားကိုတော့  သူ ဘယ်တော့မှ နားလည်ဖို့ မကြိုးစားခဲ့ပါလား..။

အိုး...နှလုံးသားချင်း အပြန်အလှန် နားလည် ဖို့ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် မြတ်မြတ်နိုးနိုး တွယ်တာ ချစ်ခင် ဦးမှလေ..။

သူ နဲ့ မော် ရဲ့ အခြေအနေ က ဒီလို မှ မဟုတ်ခဲ့တာပဲ...။

"ဟုတ်လား..အိပ်နေတာလား...ငါ့ကြောင့် နိုးသွားရင်တော့ ဆောရီးပါ...မင်း စိတ်ဆိုးနေမယ် ထင်လို့ တောင်းပန်ချင်တာနဲ့ ဖုန်းဆက်လိုက်တာပါ...၀ါး..."

နှင်းဆီမိုးစက်Where stories live. Discover now