Chapter (1) First Love

Comincia dall'inizio
                                    

Gu hai က တုံ့ဆိုင်းခြင်းမရှိပဲ
ပြန်ဖြေတယ်

(အမေ)

Sun jing wei က
သူ့ဂွင်ထဲ gu haiကွက်တိဝင်တော့
  မရဲတရဲနဲ

(ဦးလေးလဲ ဦးလေး အမေ့ကို
တွေ့ ချင်လိုက်တာ)

(တွေ့ချင်ရင် ပြန်ပေါ့)

  Sun jing wei
ဝမ်းသာလုံးဆို့ သွားတယ်

(သခင်လေး တကယ်ပြောတာလား?)

Gu hai က ပျင်းတိ ပျင်းရွဲနဲ့
  ခေါင်းငြိမ့်ပြကာ ပြောတယ်

(အင်း..အခုပိတ်ရက်
အကုန်လုံးပြန်မလာနဲ့တော့
ကျွန်တော်လည်းဦးလေး ကို
  မမြင်ချင်ဘူး
ကျောင်းပြန်တက်ခါနီးမှ
  သာပြန်လာ)

Sun jing wei နည်းနည်းတော့
နင်သွားတယ်

သူတို့ ကားက gu haiတို့ရဲ့
နန်းတော်ကြီးလောက် ခမ်းနားတဲ့
အိမ်တံခါးဝရှေ့ရောက်လာတယ်

ဒီအိမ်ရဲ့အကျယ်က
ဆယ်ဧကလောက်ရှိတယ်
အိမ်ရဲ့ အပြင်ပိုင်းက
ဂျာမဏီရဲ့ ဗိသုကာတွေနဲ့
ပြည့်နှက်နေတယ်
  အထပ်ပေါင်း ရှစ်ထပ်ရှိတယ်

အိမ်ထဲမှာ ဓာတ်လှေကားတွေ
တပ်ဆင်ထားသေးတယ်
အိမ်အတွင်းပိုင်းကတော့
ဥရောပဒီဇိုင်းအပြည့်နဲ့
တန်ဆာဆင်ထားတယ်
အောက်ခံ ကြွေပြားတွေ ဟာ
ကျောက်စိမ်းပြားတွေ
ခင်းထားသလိုပဲ
တစ်အိမ်လုံးကိုရောင်ပြန်ဟပ်စေတယ်

သာမာန်လူတစ်ယောက်ဆိုရင်
ဒီကြွေပြားတွေကို
နင်းရဲဖို့တွန့်ဆုတ်မိကြမှာ
တစ်အိမ်လုံးက
ဥရောပ နဲ့ အာရှဒီဇိုင်းတွေနဲ့
အထပ်တိုင်းကို ပုံဖော်ထားတယ်

အပြင် ကော အတွင်းရော
ရင်သက်ရူမောစရာ
ကောင်းလောက်အောင်
တန်ဆာဆင်ထားတယ်

ဒီအိမ်မှာ အစေခံ ငါးဆယ် လောက်က
ပုံမှန်ရုံးဝန်ထမ်းတွေထက်တောင်
သားသားနားနားတူညီ
ဝတ်စုံဝတ်ဆင်ထားကြတယ်

သူတို့ရဲ့လစာက
သာမာန် ရုံးဝန်ထမ်း
တစ်ယောက်ရဲ့လစာထက်
မနည်းရှိတယ်

အိမ်ရဲ ဧည့်ခန်းမှာ တော့
gu hai တို့ရဲ့
ဘိုးစဉ်ဘောင်ဆက် က
စစ်တပ်ထဲမှာ
တာဝန်ထမ်းဆောင်ခဲ့ကြတဲ့
ဂုရုကြီး အချို့ရဲ့ဓာတ်ပုံအချိုက
. မာန်မာနကြီးစွာ
ထည်ထည်ဝါဝါနေရာယူထားကြတယ်

ဒီဓာတ်ပုံတွေက
Gu haiတို့ရဲ့ မျိုးရိုးစဉ်ဆက်
အရှိန်အဝါကြီးမူကို မြင်တွေ့စေနိုင်တယ်

Addicted (new imagination book 1)Dove le storie prendono vita. Scoprilo ora