အံ့သြစရာကောင်းလှစွာ ဧကရဲ့ မျက်လုံးအကြည့်တွေက မထီမဲ့မြင်ဟန်တွေ ကင်းမဲ့လျက် ။ တောင်းပန်ခြင်းများနှင့် မုတ်သုံတစ်ခါမှ မမြင်ခဲ့ဖူးတဲ့ နူးညံ့ခြင်းများ ။

သေချာသည် ။ မုတ်သုံ ဧက ကို နည်းလမ်းနောက်တစ်မျိုးနဲ့ စိတ်ဒုက္ခပေးဖို့ ကြိုးစားနေတာ ။ ပြိုလဲလွယ်သည့် မုတ်သုံ ၊ ဧကကိုဆိုလျှင် နည်းနည်းလေးမှ မလွန်ဆန်နိုင်တဲ့ မုတ်သုံကို ဧက အရုပ်တစ်ရုပ်လို ကစားဖို့ ကြိုးစားနေတာ ။

မုတ်သုံ အရမ်းတွေ စိတ်ရှုပ်နေပြီ ။ မုတ်သုံကို မရင့်ကျက်ဘူးဟု ထင်ချင်ထင်ပါစေ ။ ဧကလိုမျိုး ဘာဆိုဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နိုင်စွမ်းမရှိပါ ။ ဧက ဒီလိုမျိုး မုတ်သုံကို ဆက်ဆံနေခြင်းသည် မုတ်သုံကို မလေးမစားဆက်ဆံနေခြင်း၊ မထီမဲ့မြင်ဆက်ဆံနေခြင်းဟုပင် မုတ်သုံ တွေးထင်သည်။

မုတ်သုံက ဧက လိုသလို ကစားနိုင်တဲ့ ကစားစရာ အရုပ်တစ်ရုပ်မဟုတ်ပါ ။ မုတ်သုံရဲ့ နှလုံးသားနဲ့ အချစ်မှာ အတိုင်းအတာမရှိပေမယ့် မာနနဲ့ဂုဏ်သိက္ခာတော့ ရှိပါသည်။ မည်သည့်အချိန်တွင် ရပ်တန့်ရမည်ကို ကောင်းကောင်းသိပါသည်။

မုတ်သုံ ဧကကို အခုအချိန်တွင် မျက်နှာတောင် ကြည့်ချင်စိတ်ရှိမနေပါ ။ မကြည့်မိအောင် မတွေးမိအောင် ကြိုးစားနေပါသည်။

ဧက အကြောင်းတွေးလိုက်မိတာနှင့် ပြန်လည် ယိမ်းယိုင်သွားမှာကို မုတ်သုံ ကိုယ့်ကိုယ်ကို သိနေသဖြင့် ဝေးနိုင်သမျှ ဝေးအောင် နေဖို့ ကြိုးစားနေမိတာ ။

ချောက်ကမ်းပါးတွင် ရပ်နေပါသည်ဆိုမှ ဧက က တွန်းချဖို့ ကြိုးစားနေတာ ။

'' ကဲ တက်ကွာ နေမြင့်လာရင် မကောင်းဘူးကွ''

ဧက က ပြောလည်းပြော သူ၏ဆိုင်ကယ်ပေါ်ကို တက်ကာ သော့ဖွင့် စက်နှိုးနေသည်။ ထို့နောက် မုတ်သုံကို ပြန်ကြည့်သည်။

'' တက်လေကွာ မင်း ထွက်ပြေးလို့လည်းမရဘူး မင်းသွားတဲ့နောက် ငါတကောက်ကောက်လိုက်နေမှာ ''

ဧက ပြောတဲ့အတိုင်း တကယ်လုပ်တတ်သူဆိုတာ မုတ်သုံ သိပါသည်။

မျက်တော်ပြေWhere stories live. Discover now