O N E

398 17 8
                                        

4 နှစ်.....မင်းကိုယ့်ကိုတစ်ယောက်တည်းထားခဲ့တာ 4နှစ်
ရှိသွားပြီ တစ်သက်လုံးပြန်မလာနိုင်တော့မဲ့ထားခဲ့ခြင်းမျိုးပေါ့။

အထီးကျန်ခြင်းကဘာလဲဆိုတာမေ့ပစ်နိုင်လောက်အောင်ထိမင်း
ကိုယ့်ကိုပျော်ရွှင်မှုတွေနဲ့အတူအဖော်ဖြစ်ပေးခဲ့တယ်
ကြင်နာမှုတွေဂရုစိုက်မှုတွေနဲ့မင်းရဲ့အချစ်ရိပ်အောက်မှာကိုယ်
ခုံလှုံခွင့်ရခဲ့တယ်။

ဒါပမဲ့ ကံကြမ္မာဆိုတာမျိုးကြီးက ကိုယ့်အတွက်ရက်စက်လွန်းတယ်
ကိုယ်မထင်မှတ်မိလိုက်တဲ့အခါမှာကိုယ့်ရဲ့ဘေးနားကနေ
မင်းကိုထာဝရဆွဲခေါ်ထုတ်ပြီးအထီးကျန်ဆန်
မှုတွေပေးနေပြန်ပြီ။

ဟင့်အင်း...အထီးကျန်တာတစ်ခုတည်းဘယ်ကမလဲ....။
လွမ်းဆွတ်တမ်းတမှုတွေ နာကျင်မှုတွေ အပြည့်နဲ့အရူးတစ်ယောက်
လို ကိုယ်အသက်ဆက်ရှင်နေရတယ်။

လွမ်းတယ် NaNa ရယ်။ အခုဆိုဟိုးကောင်းကင်ကနေ ကိုယ့်ကိုမြင်နေရလားဟင် ကိုယ့်ကိုစောင့်ကြည့်နေလား
မဖြစ်နိုင်မှန်းသိပေမဲ့ကိုယ့်ဆီကိုပြန်လာခဲ့ပေးပါလားကွာ....။

အရှိန်ပုံမှန်ုဖြင့်သွားနေသောရထားပေါ်ရှိပြတင်းပေါက်ဘေးတွင်
ကောင်လေးတစ်ယောက်ပြတင်းပေါက်ကတဆင့်ကောင်းကင်ကြီးကို
ငေးကြည့်ကာ သူ့ချစ်သူအားလွမ်းဆွတ်တမ်းတနေလေသည်။
မျက်ဝန်းထဲတွင်လည်းမျက်ရည်တွေကဝဲလို့.

ထို့နောက် ph ကိုထုတ်ကာ screen wallpaper ပေါ်မှ
ပြုံးရယ်နေသောကောင်လေးပုံကိုကြည့်နေလေသည်။

ရထားကမျက်နှာချင်းဆိုင်ထိုင်ရသောနှစ်ခုံတွဲမို့ ဘူတာတစ်ခုသို့
ဆိုက်ရောက်ချိန် သူနှင့်မျက်နှာချင်းဆိုင်တွင်
လူတစ်ယောက်ဝင်ထိုင်လိုက်မှန်းသတိမထားမိချေ။

NaNa နှင့်ချစ်သူစဖြစ်ခဲ့သည့်အချိန်မှစ၍နှစ်ယောက်သား
တစ်ယောက်ပုံတစ်ယောက်ph wallpaper အဖြစ်ထားခဲ့ကြသည်။

အဲ့ဒီအချိန်လေးတွေကအရမ်းပျော်ရွှင်ဖို့ကောင်းခဲ့သလောက်
်အခုတော့........

သူမျက်စိစုံမှိတ်ကာစိတ်များဖြေဖျောက်အောင်ပြတင်းပေါက်မှတဆင့်
အပြင်ရှုခင်းများကြည့်ဖို့မျက်လုံးလှန်လိုက်ရုံရှိသေး...

EterNal L O V E Where stories live. Discover now