Jh-ချစ်​တယ်​ထယ်​ရယ်​ အရမ်းပဲ

ထယ်​​ယောင်းခွန်းတုံ့ပင်​မဆိုနိုင်​​တော့ အသက်​ရှုလမ်း​ကြောင်းပိတ်​လာသလို မျက်​ခွံများလည်း​လေးလံလာ​လေသည်​ ​နောင်​ဘဝကျရင်​ကိုကိုရယ်​ ထယ်​တို့မဆုံပဲ​နေကြရ​အောင်​ ထယ့်​ကိုချစ်​တာကျိန်​စာလိုပဲမလားကိုကို အရမ်းပင်​ပန်းတယ်​​လေ

ထယ်​​ယောင်းမျက်​ခွံများပိတ်​ချင်​လာ​သော်​လည်း Jeonကိုမ​တွေ့ရ​သေး​သော​ကြောင့်​​တောင့်​ခံ​နေခဲ့သည်​ ထယ်​​ယောင်းဆု​တောင်းပြည့်​ခဲ့​လေသည်​ အချိန်​အနည်းငယ်​ကြာ​တော့တံခါးကိုရိုက်​ချိုးပွင့်​လာ​သောအသံ

Jeon ဟုတ်​သည်​ Jeon ကျွန်​​တော်​သိပ်​ချစ်​ရသည့်​Jeon Jeonလာမယ်​ဆိုတာကျွန်​​တော်​သိတာ​ပေါ့

ထို့​နောက်​မိမိအ​ပေါ်မှအားယူကာထသွား​သောကိုကို ထယ်​အသိစိတ်မလွတ်ခင်​​​​​နောက်ဆုံးကြားလိုက်​ရသည်​က​သေနတ်​သံ




ပြင်​သစ်​​နိုင်​ငံ Vézelay Burgundy မြို့ပြအဆင့်​​လောက်​မဟုတ်​​ပေမယ့်​သာယာတဲ့မြို့အ​သေးစား​လေး
ကားအနီ​​ရောင်​​လေးသည်​မြို့ငယ်​​လေးအတွင်းမှအိမ်​​တွေနဲ့အနည်းငယ်​​ဝေး​သော​တောအုပ်​​လေးထဲသို့ဝင်​လာသည်

လာဗန်​ဒါပန်းခင်းကြီးနှင့်​ခန်းနားကြီးကျယ်​​သောစံအိမ်​ကြီး​ကားထိုကား​လေး၏ခရီးအဆုံးပင်​ ထိုထဲမှထွက်​လာ​သောလူငယ်​တစ်​ဦး ရုပ်​ရည်​သွင်​ပြင်​ကအချိန်​ကပဲစကား​ပြောသွားသည်​လားမသိရင့်​ကျက်​​နေဟန်​ ထိုလာဗန်​ဒါပန်းခင်းကြီးကိုဖြတ်​ပြီးအိမ်​ထဲဝင်​ရန်​​​ကျောက်​စရစ်​​လေးများဖြင့်​အလှဆင်​ထား​သော​လျှောက်​လမ်းကို​လျှောက်​လာ​လေသည်

တ​စ်​နေရာအ​ရောက်​သူ့​ခြေလှမ်းများကတုံ့ကနဲ သူ၏ညာဘက်​သို့လှည့်​ကြည့်​လိုက်​သည်​ တစ်​ခုတည်း​သော​မေဘယ်​ပင်​အကြီးကြီး ထို့​အောက်​မှအုတ်​ဂူ​လေးနှစ်​ခု

ထိုအုပ်​ဂူ​လေးနှစ်​ခုကိုမမှိန်​မသုန်​ကြည့်​ပြီးစိတ်​ပျက်​စွာမျက်​နှာလွဲမိသည်​ ပြီး​နောက်​အိမ်​ထဲဝင်​လာ​လေသည်​ စံအိမ်​ကြီးသည်​ကြီးသ​လောက်​ အလုပ်​သမားများတ​ယောက်​မှမရှိ​ပေ ထိုအရာကပဲဤစံအိမ်​ကြီးကို​ခြောက်​ခြား​စေသလား

 Toxic & FoxyWhere stories live. Discover now