မိနစ်​ပိုင်းတင်​ပင်​ ... ၎င်းဟာ share သူ​ပေါင်း 10K ​ကျော်​သွား​လေသည်​။ လူအုပ်​ကြီးက အလွန်​အမင်း ​ဒေါသတကြီးပြုမူလာ၏။ မတိုင်​တုန်းက​တော့ ... သူတို့ရင်​ထဲဝယ်​ ဖန်းကျစ်​​ဖေးသည်​ သူ့မိသားစုသုံး​ယောက်​အတွင်း အရှက်​မဲ့သူအဖြစ်​ ကိုယ်​စားပြုသတ်​မှတ်​ထားကြပြီိးသားပါ၊ သို့​ပေမယ့်​ ... အခု​တော့ ... ရက်​စက်​ယုတ်​မာတဲ့ တိရစ္ဆာန်​တစ်​​ကောင်​ဖြစ်​သွားသည်​၊ ပို့စ်​ပိုင်​ရှင်​ရဲ့ caption က အိုဗာဖြစ်​လွန်းတယ်​လို့ ​ပြောမရပါ​ပေ။

ဒီဖန်းသားအဖဟာ တကယ့်​ကို ​သွေးချင်းတူ​ကြောင်းကို သူတို့ကိုယ်​တိုင်​သက်​​သေပြပြီးခဲ့ပြီ၊ အ​ဖေက အိမ်​​ထောင်​​ရေး​ဖောက်​ပြားတဲ့အပြင်​ သိုက်​တူးသမားလည်းဖြစ်​ပြန်​ ... သားက​တော့ ဒီထက်​ပို​တောင်​ ဆိုးပါ​သေး၏၊ ကျိုးမိသားစုပိုင်​ ကုမ္ပဏီကို ပိတ်​သိမ်း​အောင်​လုပ်​တဲ့အပြင်​ ... အိမ်​​ခြေယာမဲ့သွား​အောင်​လည်း လုပ်​လိုက်​​သေးသည်​။ သူတို့​တွေ ကျိုးမိသားစုရဲ့ပိုက်​ဆံ​တွေကိုယူပြီး ညဘက်​အိပ်​လို့​ပျော်​ကြရဲ့လားပဲ? သူတို့​တွေ ကျိုးယွင်​ရှန့်​ကို ​ချောက်​ချဖို့ ဘယ်​လို​တောင်​ ကွန်​ဖီးဒန့်​ရှိ​နေရသည်​လဲ? ကျိုးမိသားစုက သူတို့အ​ပေါ် အ​ကြွေးတင်​မိခဲ့လို့လား? သူတို့က လူကျင့်​ဝတ်​ကို မျက်​စိထဲမထည့်​တာလား ... ဒါမှမဟုတ်​ ဥပ​ဒေကို မျက်​ကွယ်​ပြုတာလားပင်​!

ဖန်းကျစ်​​ဖေးရဲ့ 'အဖမ်းမခံရရင်​ ပြစ်​မှုမ​မြောက်​ဖူး' ဆိုတဲ့စကား အင်​တာနက်​တွင်​ လူကြိုက်​အများဆုံး စာသားဖြစ်​လာ၏။ လက်​ရှိအချိန်​ ... နိုင်​ငံတစ်​ခုလုံး ထိထိ​ရောက်​​ရောက်​ အထိန်းသိမ်းခံ​နေရသည်​ဖြစ်​​တော့ ... ဆို​တော့ကား ... မကြာ​သေခင်​ကမှ အင်​တာနက်​တခွင်​ ပျံ့လွင့်​​နေသည့်​ ဤစကားက ... အရမ်းကိုလွှမ်းမိုးမှုရှိလာ၏၊ ထို​တော့ ... ပြည်​သူ့လုံခြုံ​ရေးဗျူ ရိုကို အထိတ်​တလန့်ဖြစ်​​စေ​လေသည်​။ ဒါမို့ ပြည်​သူ့လုံခြုံ​ရေးဗျူ ရိုမှ ဤအမှုကို ကြပ်​ကြပ်​မတ်​မတ်​ကိုင်​တွယ်​ပေးဖို့ ​ခေါ်ယူ​ပြောဆိုလာသည်​။

ကလဲ့စားFOD- Arc13 [မြန်​မာဘာသာပြန်​](Completed)ZawgyiWhere stories live. Discover now