နောက်​​တော့ အဲ့တစ်​ခုခုကို ပဲ သတိရသွားတဲ့ပုံနဲ့..
အ​ရှေ့ကတရုတ်​ကြီးကို တအံ့တသြကြည့်​​လေသည်​..။

"ဟားဟား..ဟုတ်​တယ်​..ညီ​လေး..
အဲ့တာအစ်​ကိုပဲ..
မင်းကယ်​ခဲ့တဲ့ ဒဏ်​ရာဗရပွနဲ့ ခပ်​စုတ်​စုတ်​လူ​လေ.."

"မယုံနိုင်​စရာပါလား ​ခေါင်း​ဆောင်​ရယ်​.."

"ဟုတ်​တယ်​..အဲ့တုန်းက ကိုရီးယားကိုအလုပ်​ကိစ္စနဲ့လာတုန်း ငါတို့ဂိုဏ်းသစ္စာ​ဖောက်​ခံလိုက်​ရတယ်​​လေ..
ငါလဲ မင်းတို့​ကျောင်းနားမှာ ဓားထိုးခံရပြီး
အကူအညီရလိုရငြား အားတင်းပြီး လာခဲ့တာ
အဲ့ အားကစားခန်းမနား​ရောက်​​တော့ ဘယ်​လိုမှ မထနိုင်
တုန်းမင်း​ရောက်​လာခဲ့တာပဲ..
အခုမင်း​ကယ်​​ပေးခဲ့တဲ့​ကျေးဇူး​ကြောင့်​ ငါဒီထိ
ရောက်​လာခဲ့ပြီဆိုပါ​တော့.."

"အဲ့တုန်းက ​ဆေးရုံကထွက်​​ပြေးသွားလို့​တောင်​..
ကျွန်​​တော်​စိတ်​ပူခဲ့​သေးတာ.."

"​အေးကွာ..လူဆိုးဆို​တော့ကြာကြာနား​နေလို့မရဘူးမလား
ကိုယ့်​​နေရာပြန်​ရ​အောင်​လုပ်​ရ​သေးတယ်​​လေ.."

သူတို့နှစ်​​ယောက်​ကြားက တိမ်​မြှပ်​​ပျောက်​ကွယ်​​နေသည့်
ဇာတ်​လမ်းတစ်​ခုကို အချိတ်​အဆက်​မိမိနဲ့
ဖော်​ထုတ်​လိုက်​ကြပြီး..
တစ်​​ယောက်​နဲ့တစ်​​ယောက်​ သာ​ကြောင်းမာ​ကြောင်း​မေးကြသည်​..။

တရုတ်​ကြီးက သူ့အသက်​သခင်​​ကျေးဇူးရှင်​ဖြစ်​တာမို့..
အမျိုးသား​လေးရဲ့အ​ကြောင်းကို အမြဲသတိတရနဲ့လိုက်​စုံစမ်းဖြစ်​တဲ့အ​ကြောင်း..

အခုရန်​ဘက်​ဂိုဏ်းရဲ့ အချက်​အလက်​​တွေယူလာ​ပေးတာ
တကယ့်​ကို ​ကျေးဇူးတင်​​ကြောင်းနဲ့အတူ
Xဂိုဏ်းကျရှုံးသွားရင်​ အဲ့​နေရာကို ​ပေးပါ့မယ်​ဆိုသည့်​ကတိကိုပါ လှိုက်​လှိုက်​လှဲလှဲ​ပေး​နေသည်​..။

တရုတ်​ကြီးကြည့်​ရတာ အမျိုးသား​လေးကို တကယ့်​ညီငယ်​တစ်​​ယောက်​လိုသ​ဘောထားပြီးချစ်​ခင်​ပုံပင်​..။

အမျိုးသား​လေးရဲ့မျက်​နှာ ကလဲ ...
ပြုံးရွှင်​သည်​ထက်​ ကို ပိုတဲ့အထိ..။

Tyranny Ver.1 [ ဖိနှိပ်​ညှင်းပန်းခြင်း] Onde histórias criam vida. Descubra agora