Part - 36 : I want to leave you because I don't want you to vanish forever

Magsimula sa umpisa
                                    

"ကျွန်တော် ဒါကို ဂရုမစိုက်ဘူးလို့ပြောထားတယ်မဟုတ်လား..."

နီစွေးကိုယ်တိုင်နည်းလမ်းရှာအောင် ကျွန်တော်လုပ်နေတာ... နီစွေးကိုယ်တိုင် ကျေကျေနပ်နပ်နဲ့... ကျွန်တော့်ကို လိုလာတာမျိုး... သူ ထိုစကားတို့ကိုတော့ မပြော။

"မင်း..."

ထိုစကားကြားတော့မှသာ သူ့ဘက်သို့ ကြည့်လာတော့သည့် နီစွေး။ နီစွေး၏ ကူကယ်ရာမဲ့နေသည့် မျက်လုံးများကို ကြည့်ရုံဖြင့် နီစွေးတစ်ယောက် သူ့ကို မည်မျှထိ သူ့ဘဝကို ဝင်ခွင့်ပေးထားသည်လဲ ဆိုသည်ကို သူ ကောင်းကောင်းမြင်နိုင်သည်။ နီစွေး၏ နာကျင်မှုက သူ ထွက်သွားမည်ကို ကြောက်ရွံ့သဖြင့် နာကျင်နေခြင်း။

'ဟုတ်တယ် နီစွေး... နီစွေးက နာကျင်ရတာကို မနှစ်သက်ဘူးမဟုတ်လား ဒါဆို ဘာလို့ ကျွန်တော့်လက်ကို သေချာမဆွဲထားတာလဲ... ဘာလို့ နီစွေးရဲ့ အချိန်မရွေးကျကွဲသွားနိုင်တဲ့ စိတ်ပါးပါးလှပ်လှပ်လေးကို ကျွန်တော့် လက်ထဲမထည့်ထားတာလဲ... ကျွန်တော်သာဆို... အဲ့ဒါကို အမြဲတမ်း သေချာသိမ်းထားမှာ...'

ရင်ထဲတွင် တရစပ်စကားတို့ ဆိုနေသော်လည်း Vincent သည် မည်သည့်စကားကိုမှ မပြော။ သူ ငြိမ်သက်စွာသာ နီစွေး၏ မျက်နှာကိုသာ ကြည့်နေဆဲ။

"ဘာလို့လဲ..."

နီစွေး၏ မေးသံကခပ်တိုးတိုး။

"ဘာလို့ ငါ့နားက လူတွေအကုန်လုံးက ထွက်သွားကြတာလဲ... ဘာလို့လဲ..."

မေးလာသံထဲတွင် ဝမ်းနည်းခြင်းတို့ပါနေသော်လည်း ထိုဝမ်းနည်းခြင်းက ထွက်ခွာသွားမည့် သူများအားလုံးကို လက်ခံထားခြင်းလည်း ပါနေသည်။ သူ မလိုချင်။ Vincent လုံးဝမလိုချင်။ နီစွေးသည် အခြားသူများ ထွက်သွားမည်ဆိုသည်ကို လက်ခံလျှင်တောင် သူ ထွက်သွားမည်ကို လက်ခံ၍ မဖြစ်။ သူ့လက်ခံထားခြင်း နယ်ပယ်ထဲတွင် သူ မပါနေခြင်း။

"ကျွန်တော် နီစွေးကို မထွက်သွားဘူးလို့ ပြောထားတယ်မဟုတ်လား..."

"ဟက် ဘယ်အရာနဲ့သက်သေပြမှာလဲ..."

မေးလာသည့် နီစွေး၏ မျက်လုံးများက ဘာပဲဖြစ်ဖြစ် မင်းထွက်သွားရမှာပဲ မဟုတ်ဘူးလား ဆိုသည့် မျက်လုံးများ။ နောက်ဆုံးတော့ ဒီကောင်လေးလည်း သူ့နားမှ ထွက်သွားရတာပဲ။ ကောင်းခြင်းဖြင့်ဖြစ်စေ၊ ဆိုးခြင်းဖြင့် ဖြစ်စေ၊ သူ့နားတွင် ရှိနေမည့် လူတစ်ယောက်ကို သူ လိုချင်ရုံတင်ပါ။ သို့သော်လည်း ကံတရားဆိုသည့် အရာက သူ့ကို နည်းနည်းလေးမှ မျက်နှာသာ မပေးဘူးထင်ပါရဲ့။

Schmaltz [Own Creation]Tahanan ng mga kuwento. Tumuklas ngayon